လူရှင်းရင် ပြီးရောဆိုတဲ့ စုံတွဲတွေ ကျော်မသွားနဲ့နော်…
လူရှင်းရင်ပြီးရောဆိုပြီး တွေ့တဲ့နေရာမှာ တော်သလင်းဇာတ် ခင်းတတ်တဲ့ အတွဲ များ ကြည့်ဖြစ်အောင်ကြည့်သွားနောဒီ ပို့စ် ဖတ်မိတဲ့ မြန်မာ မိန်းကလေး တိုင်းအမှားအမှန် သင့် မသင့် ချင့်ချိန်နိုင်ပါစေ အချစ် ဆိုနာလူသားတိုင်း မကင်းဘူး ထင်ပါတယ် အရှက်တရား ကင်းမဲ့တဲ့ လုပ်ရပ်တွေကအချစ်စစ် မဟုတ်ဘူးထင်ပါတယ်မိမိ မိသားစု အသိုင်းအဝိုင်းရဲ့ နိမ့်ကျမှု့ကိုပြသပေးနေ သလိုပါဘဲ တက္ကသိုလ် ဝန်းကျင်မှာရှိတဲ့ မိန်းကလေး အများစု သတိပြု့သင့်ပါတယ်
ရဲ တွေက လူဆိုး သူခိုး ဖမ်းဖို့ထက် လူ တော်သလင်း အတွဲ တွေဖမ်းနေရသလိုဖြစ်နေတာ မကောင်းပါဘူး စိတ်ပျက်စရာပါ ရဲ aတွက အလုပ်အားအချိန်ပိုလို့ ဒီလို လိုက်ပြီး ဖမ်းဆီး ပညာပေး နေတာမဟုတ်ပါဘူး ချုံမြင်တိုး စုံတွဲ များ ရဲစခန်း ကို မရောက်ချင်ဘူးဆိုရင် ရဲ ပြောတဲ့စကားကို နားထောင်ပေးပါမောင်တို့ ..မယ်တို့ ..အနေနဲ့ လူငယ် သဘာဝ ချိန်းဆိုတွေ့ဆုံခွင့် အပြည့်အဝ ကိုယ်စီရှိပါတယ်ဒါပေမဲ့ ကိုယ်ချစ်ရတဲ့သူကို လူသူ အသွားအလာပြတ်တဲ့ ချုံကြို ချုံကြားနေရာတွေမှာ ခေါ်မသွားသင့်ဘူး..။
ချုံတိုးပြီး ချိန်းတွေ့တဲ့ စုံတွဲ အချစ် က ချုံတိုး စုံတွဲ အချစ် ဘဲဖြစ်မယ် ..။ ကိုယ့်ချစ်သူ ကို ကိုယ်တန်းဘိုးထား မြတ်နိုးရာမရောက်ဘူးအချစ်အကြောင်းကို စဉ်းစားလာကြပြီဆိုရင် လူကြီးလူကောင်း ဆန်ဆန် အိနြေ္ဒရရ ချိန်းတွေ့ကြပါ။ ရပါ၏ ။နောက်ပြီး မောင်တို့ မယ်တို့ဟာ ..တိုင်းပြည် ရဲ့ အနာဂါတ်ကြယ်ပွင့်များဖြစ်တာကြောင့် အခုကတည်းက အဆင့်အတန်းရှိရှိ တွေးခေါ်မျှော်မြင် တတ်တဲ့ အလေ့အဓကောင်း များကို မွေးမြုလေ့ကျင့်ကြရမယ်
ကိုယ့်ဆန္ဒတစ်ခုတည်းကို ရှေ့တန်းတင်ပြီး ချုံတိုးလို့ ချိန်းဆိုတွေ့ကြတဲ့ အတန်းအစားထဲမှာ မောင်တို့ မယ်တို့ မပါစေချင်ဘူးချုံတိုးပြီး စုံဖက်သွားတဲ့ အတွဲဆိုတာ ဘယ်တော့မှ တည်တန့်သွားတယ်ဆိုတာ မရှိဘူး..။ ဘာကြောင့်လဲဆိုတော့ … နှစ်ဦး နှစ်ဘက်စလုံးဟာ ချုံမြင်လျင် တိုးချင်ကြလို့ဘဲဖြစ်တယ် ..။
အဲ့ဒီလို ချုံမြင် တိုး စုံတွဲ တွေကို ပစ်မှတ်ထားပြီး လူသတ် လုယက်နေတဲ့ ဒုစရိုက်သမား များရှိနေတယ်။ တက္ကသိုလ်စုံတွဲများကို ဓားထောက် တိုက်ခိုက်ပြီး၂ တုန်းက မုံရွာ နန္ဒဝန်ရပ်ကွက် စည်သူလမ်းမှာ တစ်မှုဖြစ်ခဲ့တယ်။ အသက်မသေဘဲ နာကျင်ဒဏ်ရာရခဲ့တဲ့ စုံတွဲများကတော့ မကြာ မကြာဘဲ ..။မိတ္ထီလာ တက္ကသိုလ် စုံတွဲ ဆို ကောင်လေး ဖြစ်သူက အသက်ဆုံးခဲ့တယ်ကျောက်ဆည်၊ စဥ့်ကိုင်၊ မန္တလေးတောင် စုံတွဲများကတော့ ပစ္စည်း တွေပါပြီး လူတွေက နာလို့ကျန်ခဲ့တယ်..။အဲ့ဒီလို စုံတွဲလုယက်မှုဖြစ်စဉ်တွေ မုံရွာလည်း ၂၀၁၆ ထဲမှာ နှစ်မှုဖြစ်ခဲ့တယ်
ဖြစ်ပွားခဲ့တဲ့ လုယက်မှု နှစ်မှုလုံးကို ချက်ချင်းဖော်ထုတ် ဖမ်းဆီးနိုင် ခဲ့တယ်။ မောင်တို့ …မယ်တို့သာ ချုံမတိုးဘူဆိုရင် ဒီလိုပြသနာက ဖြစ်လာစရာ အကြောင်းမရှိဘူး.ချုံမြင်တိုး စုံတွဲ များဟာ အမှုအခင်း တွေဖြစ်ပွားပြီဆိုမှာတော့ မဖြစ်မနေ ရဲစခန်း ကို ရောက်ရတော့တယ် ..။ကောင်းကြသေးရဲ့လား ..။ ထိုင်ရှက်ရမဲ့ ကိစ္စက အမှုအခင်းဖြစ်တော့ ထပြီးရှက်ကြရတယ် ထိုင်ပြီးရှက်ရမဲ့ ကိစ္စကို ထပြီးမရှက်ချင်ဘူးဆိုရင် မောင်တို့ မယ်တို့ ရဲပြောတဲ့စကားကို နားထောင် ပါ .. ချုံမြင်တိုင်း မတိုးကြပါနဲ့မောင်ရင်းနှမလို စိတ်သဘောထားပြီး ပြောချင်းဖြစ်တယ် ..။မောင်တို့ ..မယ်တို့အနေနဲ့ ရဲ စကားကိုနားထောင်ပေးရင် .. ရဲစခန်း ကို လာစရာမလိုဘူး …။အခုလို အချိန်ကုန်ခံ ..ငွေကုန်ခံ ပြောပြတာဟာ မောင်တို့ မယ်တို့ကို ချစ်လို့ပြောတယ် မှတ်ပါ Credit
Leave a Reply