ညဘက်တိုင်း ခွေးတွေ ဟောင်နေလို့ CCTV တပ်ကြည့်လိုက်သောအခါ

ညဘက်တိုင်း ခွေးတွေ ဟောင်နေလို့ CCTV တပ်ကြည့်လိုက်သောအခါ

နွားပိုင်ရှင် တစ်ယောက်ဟာ ညညဆို ခွေးဟောင်သံတွေ ကြားနေရတာ ရက်အနည်းငယ် ရှိပါပြီ။ ဒါကြောင့် သူဟာ cctv ကင်မရာတပ်ပြီး စောင့်ကြည့်ခဲ့တဲ့ အချိန်မှာ မယုံကြည်နိုင်စရာ အဖြစ်အပျက်တစ်ခုကို တွေ့ခဲ့ရပါတယ်။

အဲ့ဒါကတော့ သူ့ကင်မရာမှာ ကျားသစ်တစ်ကောင်ကို မြင်လိုက်ရတာပါပဲ။ ကျားသစ်ဟာ ညအချိန်မှာ သူ့နွားဆီကို ရောက်လာတာပါ။ ဒါပေမယ့် ကျွန်တော်တို့ ထင်နေကြသလို နွားကို စားဖို့ လာတာ မဟုတ်ပါဘူး။ cctv မြင်ကွင်းမှာ နွးဟာ ကျားသစ်ကို လျှာနဲ့ လျက်ပေးနေပြီး ကျားသစ်ကလည်း ငြိမ်ငြိမ်လေး ရှိနေတာပဲ ဖြစ်ပါတယ်။

နွားပိုင်ရှင်က အရင်နွားပိုင်ရှင်ကို မေးကြည့်တဲ့အခါမှာတော့ အကြောင်းစုံကို သိခဲ့ရပါတယ်။ ကျားသစ် ကလေး ရက် ၂၀ သားအရွယ်မှာ အမေဖြစ်သူ သေသွားခဲ့တာကြောင့် နွားမကြီးက သူ့ကို မိခင်သဖွယ် နို့ချိုတိုက်ကျွေးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီချိန်ကစလို့ ကျားသစ်လေးဟာ နွားမကြီးကို သူ့အမေအဖြစ် သတ်မှတ်ပြီး ညတိုင်း မိခင်ဆီကို လာတွေ့နေတာပါ။ မိခင် နွားမကြီးကလည်း ကျားသစ်ကလေးကို ကြင်နာစွာနဲ့ ယုယပေးနေခဲ့တာပဲ ဖြစ်ပါတယ်။လောကကြီးမှာ မယုံကြည်နိုင်စရာ မေတ္တာတရားတွေလည်း ရှိနေတတ်ကြောင်း သက်သေပါပဲ။crd

ညဘက္တိုင္း ေခြးေတြ ေဟာင္ေနလို႔ CCTV တပ္ၾကည့္လိုက္ေသာအခါ

ႏြားပိုင္ရွင္ တစ္ေယာက္ဟာ ညညဆို ေခြးေဟာင္သံေတြ ၾကားေနရတာ ရက္အနည္းငယ္ ရွိပါၿပီ။ ဒါေၾကာင့္ သူဟာ cctv ကင္မရာတပ္ၿပီး ေစာင့္ၾကည့္ခဲ့တဲ့ အခ်ိန္မွာ မယုံၾကည္ႏိုင္စရာ အျဖစ္အပ်က္တစ္ခုကို ေတြ႕ခဲ့ရပါတယ္။

အဲ့ဒါကေတာ့ သူ႔ကင္မရာမွာ က်ားသစ္တစ္ေကာင္ကို ျမင္လိုက္ရတာပါပဲ။ က်ားသစ္ဟာ ညအခ်ိန္မွာ သူ႔ႏြားဆီကို ေရာက္လာတာပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ထင္ေနၾကသလို ႏြားကို စားဖို႔ လာတာ မဟုတ္ပါဘူး။ cctv ျမင္ကြင္းမွာ ႏြးဟာ က်ားသစ္ကို လွ်ာနဲ႔ လ်က္ေပးေနၿပီး က်ားသစ္ကလည္း ၿငိမ္ၿငိမ္ေလး ရွိေနတာပဲ ျဖစ္ပါတယ္။

ႏြားပိုင္ရွင္က အရင္ႏြားပိုင္ရွင္ကို ေမးၾကည့္တဲ့အခါမွာေတာ့ အေၾကာင္းစုံကို သိခဲ့ရပါတယ္။ က်ားသစ္ ကေလး ရက္ ၂၀ သားအ႐ြယ္မွာ အေမျဖစ္သူ ေသသြားခဲ့တာေၾကာင့္ ႏြားမႀကီးက သူ႔ကို မိခင္သဖြယ္ ႏို႔ခ်ိဳတိုက္ေကြၽးခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီခ်ိန္ကစလို႔ က်ားသစ္ေလးဟာ ႏြားမႀကီးကို သူ႔အေမအျဖစ္ သတ္မွတ္ၿပီး ညတိုင္း မိခင္ဆီကို လာေတြ႕ေနတာပါ။ မိခင္ ႏြားမႀကီးကလည္း က်ားသစ္ကေလးကို ၾကင္နာစြာနဲ႔ ယုယေပးေနခဲ့တာပဲ ျဖစ္ပါတယ္။ေလာကႀကီးမွာ မယုံၾကည္ႏိုင္စရာ ေမတၱာတရားေတြလည္း ရွိေနတတ္ေၾကာင္း သက္ေသပါပဲ။crd


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *