အိမ်ကို ကွန်ကရစ် နဲ့ ဆောက်ရင်ကောင်းမလားး သံနဲ့ဆောက်ရင် ကောင်းမလား ဆိုသူများ အတွက် အားသာချက်/အားနည်းချက်

အိမ်ကို ကွန်ကရစ် နဲ့ ဆောက်ရင်ကောင်းမလားး သံနဲ့ဆောက်ရင် ကောင်းမလား ဆိုသူများ အတွက် အားသာချက်/အားနည်းချက်

အိမ်ကို ကွန်ကရစ် နဲ့ ဆောက်ရင်ကောင်းမလားး သံနဲ့ဆောက်ရင် ကောင်းမလား ခဏ ခဏ မေးခံရတဲ့ မေးခွန်းပါ ။ သူတို့ရဲ့ အားသာချက် အားနည်းချက်တွေကတော့ အသီးသီးရှိပါတယ်။ သေချာဖတ်ပြီး ရွေးချယ်ပေါ့ ။
သံမဏိရဲ့ အားသာချက်
၁။ Strength to weight ratio မြင့်မားပါတယ်။
၂။ Steel structuresတွေရဲ့ ဂုဏ်သတ္တိတွေက uniform ဖြစ်ပါတယ်။ တသားတည်းဖြစ်ပြီးတော့ ကြိုတင်ခန့်မှန်းနိုင်မှု ပိုမိုမြင့်မားတယ်။
၃။High ductility ဖြစ်တဲ့ အတွက်ကြောင့်ပြိုကျ/ပျက်စီးတော့မဲ့ အခြေအနေတွေကို ကြိုတင်ပြီး လုံလောက်တဲ့ သတိပေးနိုင်စွမ်းရှိပါတယ်။
၄။ လွယ်လွယ်ကူကူ ပြန်လည်အသုံးပြုနိုင်ပါတယ်။
၅။ Steel structureတွေဟာ concrete structure နဲ့ စာရင်သူ့မှာပါဝင်တဲ့ ပစ္စည်းတွေနဲ့ လွယ်လွယ်ကူကူ လျင်လျင်မြန်မြန်တည်ဆောက်နိုင်ပါတယ်။
၆။ Steel structure တည်ဆောက်ရာမှာ အခြားတည်ဆောက်ရေးပစ္စည်းတွေကို အသုံးပြုခြင်းအားဖြင့်ရာသီဥတုကြောင့်ဖြစ်လာမဲ့ အကျိုးသက်ရောက်မူတွေ နည်းနိုင်ပါတယ်။
၇။ နဂိုကတည်းက ရှိနေတဲ့ Steel structure ကို ထပ်ပြီး တိုးချဲ့ဖို့ လွယ်ကူပါတယ်။
၈။ ပြုပြင်ထိန်းသိမ်းထားတဲ့ Steel frameတွေဟာ အကန့်အသတ်မရှိ သက်တမ်းရှည်ကြာနိုင်ပါတယ်။

သံမဏိ၏ အားနည်းချက်
၁။ သံချေးတက်ပြီး ထိခိုက်လွယ်တဲ့ အတွက်ကြောင့်သံချေးမတက်ဖို့ zic-rich paint နဲ့ ထပ်ပြီး ကာကွယ်ထားဖို့လိုအပ်ပါတယ်။အခြား structural materials တွေနဲ့စာရင်ပြင်ဆင်ထိန်း သိမ်းစရိတ်ပို မိုကုန်ကျ နိုင်ပါတယ်။ Corrosion-resistance steelတွေကိုလည်းဘဲ သုံးဖို့လိုအပ်ပါဦးမယ်။၂။ အပူချိန်မြင့်မားလေလေ အကျိုးသက်ရောက်မှုများလေလေ ဖြစ်တဲ့အတွက်ကြောင့်မီးလောင်ခြင်းဒဏ်မှ ကြိုတင်ကာကွယ်ထားဖို့ လိုအပ်ပါလိမ့်မယ်။၃။ထပ်ခါထပ်ခါသက်ရောက်နေတဲ့ ဝန်အားတွေကြောင့်faituage ဖြစ်တာတွေ၊ Stress concentrationတွေပါဝင်လာတဲ့အခါ structural detailsပေါ် မူတည်ပြီး structural steelတွေဟာ ကျိုးလွယ်ပဲ့လွယ်ထိခိုက်လွယ်ပါတယ်။
၄။ ပိုမိုသွယ်လျတဲ့ Compression memberတွေ ပိုလာရင်ဖိအားကြောင့်တွန့်ကြေပျက်စီးမှုအန္တရာယ်ပိုများလာမှာပါ။ တခါတရံမှာတော့ memberတွေ ပိုမိုတောင့်တင်းဖို့အတွက်ထပ်လောင်း ထည့်ပေးရတာ ရှိလာတဲ့အခါ structure ဟာ ပုံမှန်အနေအထားမှာ ရှိမနေတာတွေ ဖြစ်လာပါတော့တယ်။

ကွန်ကရစ်၏ အားသာချက်

၁။ Compressive Strength ပိုမိုကောင်းမွန်တယ်။၂။ မီးလောင်ဒဏ်ကို Steel ထက်ပိုပြီး ခံနိုင်တယ်။၃။ ပြင်ဆင်စရိတ်နည်းနည်းနဲ့ သက်တမ်းတာရှည်ခံနိုင်တယ်။၄။ Dams, Piers, Footing တို့လိုမျိုး Structural Typesတွေအတွက်ပိုပြီးတော့ economical ကျတယ်။
၅။ Precast Structural Componentsတွေလို လိုချင်တဲ့ ပုံစံကို သွန်းလောင်းနိုင်တယ်။ Deflection ဖြစ်ပေါ်မှုနည်းနည်းနဲ့ Rigid memberတွေ တည်ဆောက်နိုင်တယ်။

ကွန်ကရစ်၏ အားနည်းချက်
၁။ Tensile strength က Compressive strengthအောက်၁၀ ပုံ ၁ ပုံခန့်နည်းတယ်။၂။နောက်ဆုံးလိုချင်တဲ့ Strength ရရှိဖို့အတွက်ဖျော်စပ်ရတာတွေ (Mixing)၊ သွန်းလောင်းရတာတွေ(casting) နဲ့ curing (အစိုဓာတ်ထိန်းသိမ်းရတာတွေ) စတာတွေ လိုအပ်ပါတယ်။၃။ ကွန်ကရစ်သွန်းလောင်းဖို့အတွက်ဆင်ရတဲ့ formworksတွေရဲ့ ကုန်ကျစရိတ်က မြင့်မားပါတယ်။ formworks အတွက်လိုအပ်တဲ့ ပစ္စည်းတွေနဲ့ လုပ်သားပညာရှင်ခတွေက သွန်းလောင်းရတဲ့ ကွန်ကရစ်ရဲ့ ကုန်ကျစရိတ်နီးပါးရှိပါတယ်။
၄။ Steel နဲ့ စာရင်Compressive strength ပိုနည်းပါတယ်။ ( materialsပေါ်မူတည်ပြီးတော့ 1း10 ခန့်ရှိပါတယ်)။ အဲဒီအတွက်ကြောင့်အထပ်မြင့်အဆောက်အဦတွေရဲ့ Columnတွေဟာ ကြီးမားတဲ့ Sectionတွေဖြစ်လာပါတယ်။
၅။ Live loads သက်ရောက်မှုတွေနဲ့ Shrinkageတွေကြောင့်concrete မှာ cracksတွေပေါ်လာပါတယ် Credit


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *