ကိုယ်ဝန် ကြီး နဲ့ မို့ မလုပ်ပါ နဲ့ပြော တာ ကို တား မရ၍ မခံနိုင် တဲ့ အဆုံး ရပ် ကွက် ရုံး တိုင်ကြား ခဲ့ ရ တဲ့ အဖြစ်
“မရဘူး….ရှင့်ကို ရာအိမ်မှူး နဲ့ကို တိုင်မှာ” “မိန်းမက လည်းကွာ… ငါက ချစ်လို့စတာကို လာပါ ပြန် ရအောင်” “မပြန်ဘူး မပြန်ဘူး… ရှင့်ကို တိုင်ကို တိုင်မှာ အဲဒါမှ ရှင် နောက်မလုပ်ရဲမှာ” ရုံးရှေ့က ဆူဆူညံညံ အသံ တွေကြောင့် ဘာဖြစ်တာ လဲဆိုပြီး ထွက်ကြည့်မိတော့ မျိုးချစ်နဲ့ သူ့မိန်းမ ပေါက်ကြီး ပေါက်ကြီး ဆိုတာက တစ်နှစ်တစ်ယောက် မှန်မှန်မွေးနေကျမို့ ပေါက်ကြီးလို့ခေါ်တာ။ အမြဲတမ်း လင်မယား တကျက်ကျက်နဲ့ ရန်ဖြစ်နေတာတောင် ပေါက်ကြီးတို့လင်မယားက တစ်နှစ်တစ်သားတော့ပုံမှန်ပေါက်နေကျ အခုလည်း ကလေး တစ်ယောက်ကလက်မှာ တွဲလောင်းဆွဲလို့ ဗိုက်ထဲမှာက တစ်ယောက်နဲ့…အဲဒါလည်း ခုထိ အဖြေထုတ်လို့ မရသေးတဲ့ ပုစ္ဆာ “ရာအိမ်မှူးရေ… ရာအိမ်မှူးတပည့်နဲ့ကျွန်မကို ကွာရှင်းပေးပါ” “ဘာဖြစ်လာပြန်ပြီလဲဟာ နင်တို့ လင်မယားကလည်း အမြဲတမ်းရန်ဖြစ်မယ် လို့များ တွေးထား သလား… ကဲ ကဲ….ရုံးခန်းထဲလာခဲ့ကြ” လင်မယားနှစ်ယောက်
ရုံးခန်းထဲ ရောက်တော့ ကိုယ်ကပဲ စမေးလိုက်တယ်။ “ကဲ….လုပ်စမ်းပါဦး။ ဘာဖြစ်ကြ တာလဲ… ပေါက်ကြီး အရင်စပြော” “ရာအိမ်မှူး တပည့်ပေါ့။ လူလိုကို နားမလည် ဘူး။ ကျွန်မက ကိုယ်ဝန်ကြီးနဲ့မို့ မလုပ်ပါနဲ့လို့ ပြောနေတာ တောင်မရဘူး။ အတင်း မရမက လုပ်တာ။
ကျွန်မလည်း ဗိုက်ကို ထိမှာစိုးလို့ ရှောင်ပါသေးတယ်။ အဲဒါကို ဒင်းက လက်ကို အတင်းချုပ်ထားတာ” “ဟင်!!!!ဘာတွေလဲဟ” အဲဒီမှာတင် သူ့ယောက်ျားက…. “ဟဲ့….နင် ရာအိမ်မှူး ရှေ့မှာ မဟုတ်တာ မပြောနဲ့ ကိုယ့် မိန်းမ ကိုယ်ချစ်လို့ပဲ ဥစ္စာ လုပ်တော့ ဘာဖြစ်လဲ” “တော်ပါ ရှင့်ကို ကလေးတွေရှေ့မှာမလုပ်ပါနဲ့ ကိုမျိုးချစ်ရယ် လို့ပြောတာတောင် မရမက လုပ်ပြီးတော့” “ကလေးတွေရှေ့လည်း ဘာဖြစ်လဲဟာ… သူတို့အဖေနဲ့အမေ ချစ်ကြတယ်လို့တောင် ထင်ပြီး ပျော်နေဦးမယ်” “ဘာ!!!! ရှင်မရှက်ပေမယ့် ကျွန်မ ရှက်တယ်တော့…။ ဟိုနေ့ကလည်း အမေ့ရှေ့တောင် မရှောင် လာလုပ်လို့ တစ်ခါ ပြောထားသေးတာ မမှတ်ဘူးလား”
“အို… မင်းအမေလည်း ငယ်ရာက ကြီးလာတာပဲဟာ… သူလည်း နားလည်ပါတယ်။ လင်မယားတွေ ချစ်လို့ လုပ်တာပဲဟာ… ”ကိုယ့်မှာ နားထောင်ရင်းနဲ့ မျက်လုံးပြူးသထက် ပြူးလာတယ်။ “ဘာပဲဖြစ်ဖြစ် ကျွန်မ မကြိုက်ဘူး။ လူရှေ့သူရှေ့မှာ မလုပ် ပါနဲ့။ ရှင်လုပ်တာ အရေးမကြီးဘူး။ ဗိုက်ထဲကကလေး တစ်ခုခုဖြစ် လို့ကတော့ ရှင်အသေပဲ။ ရှင်လုပ်ချင်ရင် ကလေးမွေးပြီမှ ကြိုက်သလိုလုပ်။ အခုတော့ ဆောရီးပဲ” ကိုယ်လည်း နားမလည်နိုင်တော့တာနဲ့ သေချာမေးရတော့မယ်။ “ကဲ… ငါ့ကိုလည်း နားလည်အောင် ရှင်းပြကြပါဦး။ နင့်ကို မျိုးချစ်က ဘာလုပ်လို့လဲ” “ဒီလို ရာအိမ်မှူးရေ… မနက်ကပေါ့…“ဟာ… အဲဒါတော့ မျိုးချစ် လွန်တာပေါ့ကွာ။ သူ့ခမျာ မပေါ့မပါးကြီးနဲ့ဥစ္စာ… ပြီးတော့… မင်းက လူရှေ့သူရှေ့မှာပါ သွားလုပ်တော့ ဟိုက ဘယ်ကြိုက်မလဲ” “ကျွန်တော်လည်း သူ့ကိုကြည့်ပြီး ဘယ်လိုမှ မနေနိုင်တော့တာနဲ့လုပ်လိုက်မိတာပါ ရာအိမ်မှူး “ဟုတ်ပါပြီ။ မင်းမိန်းမကို ချစ်လို့ လုပ်တယ်ဆိုတာကိုငါနားလည်ပါတယ်။
ဒါပေမယ့် ပေါက်ကြီး မွေးပြီးမှလုပ်ချင်လုပ်… ဟုတ်ပြီလား” “ဟုတ်ကဲ့ပါ ရာအိမ်မှူး… တပည့် ဆင်ခြင်ပါ့မယ်” “အေး… မင်းတို့လင်မယားလည်း ဘာမဟုတ်တဲ့ ကိစ္စနဲ့ရန်ခဏခဏဖြစ်တဲ့အသံ မကြားချင်ဘူး။ နားလည်လား… ကဲ….သွားကြတော့” ဟူးးးးး ဒီလင်မယားကလည်း ပြသနာတက်စရာမရှိပြသနာရှာကလိထိုးတဲ့ကိစ္စနဲ့တောင် ရန်ဖြစ်နေကြသေးတယ် တကယ်ဆို ဟိုကောင်ကလည်း ကိုယ့်မိန်းမကိုယ်ဝန်ကြီးနဲ့ကို ကလိသွားထိုးရတယ်လို့….လခွမ်းးးးးမျှော်လင့်ချက်တစ်ခုခု အထင်တစ်ခုခုနဲ့ ဖတ်လာပြီးမှ စာလည်းဆုံးတော့ စိတ်တိုသလိုလိုဖြစ်သွားတယ်။ ဒါပေမယ့်လည်း အပျင်းပြေပါတယ်လို့စ်… ခရက်ဒစ်
Leave a Reply