ပြည်သူအချစ်တော်လေး အူဝဲ ပထမဆုံး အကယ်ဒမီ ရရှိခဲ့တဲ့ ပုံရိပ်များကို အမှတ်တရ ပြန်‌လည်ဖော်ပြပေးလိုက်ရပါတယ်

ပြည်သူအချစ်တော်လေး အူဝဲ ပထမဆုံး အကယ်ဒမီ ရရှိခဲ့တဲ့ ပုံရိပ်များကို အမှတ်တရ ပြန်‌လည်ဖော်ပြပေးလိုက်ရပါတယ်

ပြည်သူ့ မင်းသမီး ၊ စီနီယာ အလှမယ် အူဝဲရဲ့ 2004 ခုနှစ်တွင် အကယ်ဒမီ ရရှိခဲ့တဲ့ ပုံရိပ်များကိုပြန်‌လည်ဖော်ပြပေးလိုက်ရပါတယ်။“မျက်နှာများတဲ့ကောင်းကင် ” ရုပ်ရှင်ဇာတ်ကားကြီးဖြင့်ပထမဆုံး အကယ်ဒမီ ရရှိခဲ့တဲ့ အူဝဲရယ်လို့ ပရိတ်သတ်က ချစ်စနိူးခေါ်ကြတဲ့ အိန္ဒြာကျော်ဇင် အကယ်ဒမီ ရရှိခဲ့တဲ့ ပုံရိပ်များကို အမှတ်တရ ပြန်‌လည်ဖော်ပြပေးလိုက်ရပါတယ်
အိန္ဒြာကျော်ဇင်သည် အကယ်ဒမီဆု နှစ်ဆု ရရှိထားသည့် ရုပ်ရှင်သရုပ်ဆောင်နှင့် ရုပ်မြင်သံကြား ကြော်ငြာမော်ဒယ်လ် တစ်ဦးဖြစ်သည်။ အပျော်တမ်း ပန်းချီဆရာတစ်ဦးဖြစ်သော အိန္ဒြာကျော်ဇင်သည် မြန်မာ သရုပ်ဆောင်လောကတွင် ထင်ရှားသော မင်းသမီး တစ်ဦးဖြစ်သည်။

ငယ်ဘဝ
၁၉၇၇-ခု၊ ဧပြီလ ၂၄ ရက်တွင် ဦးကျော်ဇင်နှင့် ဒေါ်မြသီတာတို့မှ ရန်ကုန်မြို့တွင် မွေးသည်။ ငယ်နာမည် အူဝဲဖြစ်ပြီး မောင်နှမသုံးအနက် အငယ်ဆုံး ဖြစ်သည်။အိန္ဒြာကျော်ဇင်သည် ဒဂုန်တာရာ၏ တူမဖြစ်ပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ၏ မြေးလည်း ဖြစ်သည်။ ရာဇာနေဝင်း၊ ပိုင်ဇေရဲထွန်း တို့နှင့်မောင်နှမ ဝမ်းကွဲ၊ ကောလိပ်ဂျင်နေဝင်း၏ တူမ တော်စပ်သည်။

အနုပညာ လှုပ်ရှားမှု
၂၀၀၀ ပြည့်နှစ်၊ ဇွန်လ ၂၀ ရက်တွင် မီးပွား ရိုက်ကူးသော အိပ်မက်ရာသီ ဇာတ်ကားရိုက်ရာတွင် မတော်တဆ ချော်ကျဒဏ်ရာရသဖြင့် အာရှတော်ဝင်၌ ကုသခဲ့ရသည်။၂၀၀၁ ခုနှစ် ပြင်သစ်နိုင်ငံ Dealnille မြို့ရှိ တတိယအကြိမ် ရုပ်ရှင်ပွဲတော်ကြီးအား မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့ရသည်။

မိသားစုဘဝ
၂၀၁၁ ခု၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြေတီဦးနှင့် လက်ထပ်ခဲ့သည်။ အောက်တိုဘာလ ၁၄ ရက်ရောက်သော် သမီးဦးကို ဝိတိုရိယအထွေထွေရောဂါကုဆေးရုံကြီးတွင် မွေးဖွားသည်။crd


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *