အဖေဖြစ်သူကို နာမည်ကြီးမင်းသားမှန်း သမီးဖြစ်သူက မသိခဲ့ဘူး ဆိုတဲ့ လင်းဇာနည်ဇော်q

အဖေဖြစ်သူကို နာမည်ကြီးမင်းသားမှန်း သမီးဖြစ်သူက မသိခဲ့ဘူး ဆိုတဲ့ လင်းဇာနည်ဇော်

တစ်ချိန်က ပရိသတ်တွေကြားမှာ နာမည်ကြီးလူကြိုက်များတဲ့ နိုင်ငံကျော် သရုပ်ဆောင် မင်းသား ရဲကိုကို ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင် တစ်ဦးပဲဖြစ်ပါတယ်။ မင်းသမီး လင်းဇာနည်ဇော် ဟာ မင်းသား ရဲကိုကို နဲ့ရရှိထားတဲ့ ချစ်ဖို့ကောင်းတဲ့ သမီးချောလေးကို ပိုင်ဆိုင်ထားပါတယ်။

မင်းသား ရဲကိုကို နဲ့ လင်းဇာနည်ဇော် တို့ရဲ့ သမီးလေး မြူလင်းကိုကို ဆိုရင်လည်း အရမ်းကို ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုချစ်ခင်မှုကို ရရှိထားခဲ့တဲ့ သူလေးတစ်ယောက်ပါ။ သူတို့ဇနီးမောင်နှံနှစ်ဦးဟာ အိမ်ထောင်ရေးကွာရှင်းခဲ့ရတဲ့အကြောင်းရင်းကို‌ သေချာမသိရပေမယ့် သမီးလေးကို တစ်လှည့်စီစောက်ရှောက်တယ်လို့သိရပါတယ်။

မင်းသမီး လင်းဇာနည်ဇော် ဟာ ချစ်စရာကောင်းတဲ့ သမီးလေး မြူလင်းကိုကို နဲ့အတူ ဘဝကိုလျှောက်လှမ်းလျက်ရှိပါတယ်။ ကိုယ့်အားကိုကိုးတတ်အောင်အသက် (၁၈) နှစ်မပြည့်သေးခင်တည်းကသမီးဖြစ်သူကို နိုင်ငံရပ်ခြားမှာ ပညာသင်ဖို့စေလွှတ်ခဲ့တာပါ။ သူမဟာ သမီးဖြစ်သူကို အနုပညာလောကထဲ မဝင်စေဘဲ အောင်မြင်တဲ့စီးပွားရေးသမားတစ်ဦးပဲဖြစ်စေချင်ပါတယ်တဲ့။

သမီးဖြစ်သူ မြူလင်းကိုကိုက မိခင်ဖြစ်တဲ့ သူမကိုသာ မင်းသမီးမှန်းသိပြီးတော့ ဖခင်က အနုပညာလောကနဲ့ အဆက်အသွယ်ပြတ်သွားတာကြာပြီဖြစ်တဲ့ ဖခင်ကိုမင်းသားတစ်ဦးမှန်းမသိပါဘူး။ လင်းဇာနည်ဇော် ဟာ သမီးဖြစ်သူကို ဖခင်ဖြစ်သူနဲ့အဆက်အသွယ်ဖြတ်တောက်ထားတာမျိုးမရှိတဲ့အပြင်မိဘကျေးဇူးသိတတ်နားလည်အောင် ပြောပြပေးနေတာပဲ ဖြစ်ပါတယ်။

မင်းသမီး လင်းဇာနည်ဇော် နဲ့ ရဲကိုကို တို့ရဲ့ သမီးဖြစ်သူ မြူလင်းကိုကို ကတော့ လက်ရှိအချိန်မှာ သြစတြေးလျမှာ ပညာသင်ကြားနေတာပဲ ဖြစ်ပါတယ်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။crd


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *