အနုပညာလုပ်ငန်းအပြင်ကိုယ်ပိုင်ဘရန်းထုတ်ပြီးစီးပွားတိုးချဲ့ထားကြသောမင်းသမီးများ
ပရိတ်သတ်ကြီး အားလုံးပဲ မင်္ဂလာပါနော် ။ အခုတစ်ခါ တင်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ အနုပညာလုပ်ငန်းအပြင်ကိုယ်ပိုင်ဘရန်းထုတ်ပြီးစီးပွားတိုးချဲ့ထားကြသောမင်းသမီးများ အကြောင်းပဲ ဖြစ်ပါတယ်။
၁။ မိုးစက်ဝိုင်
ဖြန့်ချိထားသော ပစ္စည်းများ – Moezy အမည်ရှိ အလှကုန်များ
မြန်မာနိုင်ငံ အလှမယ်ကိုယ်စားပြု မယ်စကြဝဠာ မြန်မာဆုကို ၂၀၁၃ခုနှစ်တွင်ရှိခဲ့သူဖြစ်သည်။ သူမသည် မော်စကိုမြို့၊ ရုရှားနိုင်ငံတွင်ကျင်းပမည့် မယ်စကြဝဠာ ၂၀၁၃ ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၁၉၆၁-ခုနှစ် မယ်စကြဝဠာ ပြိုင်ပွဲပြီးကတည်းက အခုအချိန်အထိ ယှဉ်ပြိုင်ခြင်းမရှိပါ။ အခုတော့ သူမက အနုပညာကို ရပ်နားထားပြီး ကိုယ်ပိုင် ဘရန်း အလှကုန်ထုတ်ပြီး စီးပွားရေး လုပ်နေတာပဲ ဖြစ်ပါတယ်။
၂။ နန်းခင်ဇေယျာ
ဖြန့်ချိထားသော ပစ္စည်းများ – Nang – Jast a Taste
Miss Myanmar title ဆု ရရှိထားသော မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်ဖြစ်သည်။ သူမသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားဖြစ်သောပအိုဝ်းလူမျိုးဖြစ်သည်။ သူမဟာ Miss International 2012, အိုကီနာဝါ၊ ဂျပန်ပြိုင်ပွဲကြီးမှာ Miss People’s Choice ဆုနဲ့ Miss Internet ဆုကို မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အနေနဲ့ ဆွတ်ခူးရရှိခဲ့သည်။ ဇာတ်ကားအချို့မှာလည်း ပါဝင်သရုပ်ဆောင်ဖူးပါတယ်။ အခုမှာတော့ အနုပညာအလုပ်တွေကို ရပ်နားပြီး ကိုယ်ပိုင် ဘရန်း အနေနဲ့ Nang – Jast a Taste အမည်နဲ့ မာလာရှမ်းကော ဆိုင်ကို ဖွင့်လှစ်ထားပါတယ်နော်။
၃။ အိုင်ရင်းဇင်မာမြင့်
ဖြန့်ချိထားသော ပစ္စည်းများ – Irenes အမည်ရှိ ရေမွှေး
အိုင်ရင်းဇင်မာမြင့်ကတော့ အဆိုတော်လောကမှာ အောင်မြင်ကျော်ကြားသူတစ်ယောက်ပဲဖြစ်ပါတယ်နော်။ သူမရဲ့ အသံချိုချိုလေးကြောင့် ပရိတ်သတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားပါတယ်နော်။ သူမကတော့ ကိုယ်ပိုင် ဘရန်းတစ်ခုအနေနဲ့ Irenes အမည်ရှိ ရေမွှေး ကို ထုတ်လုပ်ထားပါတယ်။
၎။ အိန္ဒြကျော်ဇင်
ဖြန့်ချိထားသော ပစ္စည်းများ – The bridge myanmar အမည်ဖြင့် ပိုက်ဆံအိတ် ၊ ရေမွှေး
ပရိတ်သတ်အချစ်တော် မင်းသမီး အိန္ဒြာကျော်ဇင်ကတော့ အနုပညာလောကမှာ အောင်မြင်ကျော်ကြားတဲ့ မင်းသမီးတစ်ယောက် ဖြစ်ပါတယ်။ သူမကတော့ The bridge myanmar အမည်ဖြင့် ပိုက်ဆံအိတ် ၊ ရေမွှေး စတဲ့ ကုန်ပစ္စည်းတွေကို ကိုယ်ပိုင် ဘရန်းတစ်ခုအနေနဲ့ ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။
Leave a Reply