အသက် (၈၉) နှစ်အရွယ် မင်းသမီးကြီး မြင့်မြင့်ခင်ကျန်းမာရေးကြောင့် ဆေးရုံတက်‌ရောက် ကုသမှု့ခံယူနေရ
အသက် (၈၉) နှစ်အရွယ် မင်းသမီးကြီး မြင့်မြင့်ခင်ကျန်းမာရေးကြောင့် ဆေးရုံတက်‌ရောက် ကုသမှု့ခံယူနေရ
ပရိသတ်ကြီးရေ မြန်မာ့ရုပ်ရှင်လောကမှာ ဆယ်စုနှစ်တွေများစွာ နာမည်ကြီးခဲ့တဲ့ မင်းသမီးကြီးတစ်လက်ဖြစ်တဲ့ အကယ်ဒမီ ၆ ဆုရှင်
မခင်ကြည် ( ခ ) Rita Fairmen (ခ) ဘေဘီ ( ခ)အကယ်ဒမီများရှင် မြင့်မြင့်ခင် ကိုတော့ အားလုံးပဲဒီနေ့ထိတိုင် ချစ်ခင်အားပေးနေကြအုန်းမှာပါ။ သူမဟာ မြန်မာ့ရုပ်ရှင်လောကမှာ
နာမည်ကျော်ကြားပါရမီရှိတဲ့ အနုပညာရှင်တွေထဲကတစ်ဦးဖြစ်ပြီး တစ်သက်တာရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ခံထားသူ ဖြစ်ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကကြီးတဦးလဲ ဖြစ်ပါတယ်။
မင်းသမီးကြီး မြင့်မြင့်ခင် ဟာ ၁၉၅၀ခုနှစ် ရုပ်ရှင်လောကမှာ ပြိုင်ဘက်ကင်းမင်းသမီးတစ်ဦးဖြစ်ခဲ့တဲ့အပြင် တေးသီချင်းပေါင်းများစွာကို သီဆိုနိုင်ခဲ့တဲ့ အဆိုတော်တစ်ဦးလဲ ဖြစ်ပါတယ်။
လက်ရှိမှာ သူမ ဟာ အသက်၈၉ နှစ်အရွယ်ကို ရောက်ရှိနေပါပြီ။ အသက်အရွယ်ကြောင့် အနုပညာကိုဆက်လက်လုပ်ကိုင်တော့ခြင်း မရှိတော့ပေမယ့် ပရိသတ်တွေအားလုံးက
သတိတရနဲ့ချစ်ခင်နေကြဆဲပဲ ဖြစ်ပါတယ်။ ပရိသတ်အချစ်တော် မင်းသမီးကြီး မြင့်မြင်ခင် ကတော့ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံမှာတတ်ရောက်ကုသနေရပါတယ်။
အသက် ၈၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂန္တဝင် မင်းသမီးကြီး မြင့်မြင့်ခင် ကျန်းမာရေးအမြန်ဆုံး ပြန်လည်ကောင်းမွန်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်
Posted
in
by
Tags:
Comments
Leave a Reply
Your email address will not be published. Required fields are marked *