



Credit;

သူမရဲ့ပုံတွေနဲ့ အမျိုးမျိုးသောစာတွေရေးပြီး မကောင်းတဲ့နေရာမှာသုံးနေတဲ့သူတွေကို သတိတစ်ခုပေးလိုက်တဲ့ ခင်မို့မို့အေး

လူကြီးရော ကေလးပါ တစ်ယောက် မကျန် သိတဲ့ ခင်မို့မို့အေး ကတော့ ဇာတ်ကားပေါင်း များစွာမှာ ဗီလိန်နေရာကနေ ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့အတွက် ပရိတ်သတ်တွေရဲ့ အချစ်တွေရော အမုန်းတွေပါ တပြိုင်နက်ရရှိထားသူ တစ်ဦးဖြစ်ပါတယ်။သူမ ကတော့ ဗွီဒီယို ဇာတ်ကားတွေအပြင် ရုပ်ရှင်ကားတွေနဲ့ MRTV -4 ဇာတ်လမ်းတွဲတွေ ကိုပါ လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ်။

ယခုနောက်ပိုင်းတွင် ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတာနဲ့ အမျှလူငယ်တွေက သူမရဲ့ ဗီလိန်ဇာတ်ဝင်ခန်းတွေ ထဲကပုံတွေကို ဟာသအနေနဲ့ ပြုပြင်အသုံးပြုလာကြတာပဲ ဖြစ်ပါတယ်။ ထို့ အပြင် လူငယ်တွေက မကောင်းတာ လုပ်မိရင် “ငါတော့ ခင်မို့မို့ အေး ဖြစ်ပြီ” လို့ ပြောတတ်ကြပါသေးတယ်။ အဲ့ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီးသူမကအင်တာဗျူးတစ်ခုမှာအခု လိုပဲ ပြောပြထားပါတယ်။

* facebook commentတွေ ဝင်ကြည့်လိုက်ရင် တီတီပုံနဲ့ နာမည် တွေ ကြည့်ပဲ တွေ့ရေတယ်။ တီတီပုံကို အမျိုးမျိုးသော စာတွေနဲ့ လုပ်ပြီးတင်ကြတယ်။အရင်ကတော့ တီတီလည်း စိတ် အနှောင့်အယှက်ဖြစ်ခဲ့ရတာပေါ့။ အခုတော့လည်း သူတို့ကြိုက် တာ၊ စိတ်ချမ်းသာသလိုလုပ်ကြပါစေ၊ စိတ်ထွက်ပေါက်ဖြစ်ပါစေ လို့ပဲ သဘောထားလိုက်ပါတယ် တီတီပုံတွေကို မသုံးပါနဲ့လို့တော့ မတားချင်ပါဘူး ဒါပေမဲ့ တော်ရုံပဲသုံးကြပါလို့ ပြောပါရစေ”ဆို ပြီး သူမရဲ့ခံစားချက်ကို ပြောပြလာတာပဲ ဖြစ်ပါတယ်။
Credit;


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *