နေပြည်တော် ကိုယ်ပိုင်အထက်တန်းကျောင်းမှာ မိမိကို ယ် အ -ဆုံး- စီ-ရင်တဲ့ ကျောင်းသူကို see more

နေပြည်တော် ကိုယ်ပိုင်အထက်တန်းကျောင်းမှာ မိမိကို ယ် အ -ဆုံး- စီ-ရင်တဲ့ ကျောင်းသူကို see more

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ခေတ်ရှေ့ဆောင် ကိုယ်ပိုင် အထက်တန်းကျောင်းမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ ညနေပိုင်းက Grade 10 ကျောင်းသူ တစ်ဦး ကျောင်းရဲ့ ၄ လွှာမှ ခုန်ချကာ အဆုံးစီရင်ရာ နောက်မှ လိုက်လံ ကယ်ဆယ်ဖို့ ကြိုးစားခဲ့တဲ့ ဆရာပါ ပြုတ်ကျခဲ့လို့ ၂ ဦးစလုံး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

သေဆုံးခဲ့တဲ့ ဆရာဖြစ်သူဟာ အဆိုပါ ကိုယ်ပိုင် အထက်တန်းကျောင်းမှာ ကွန်ပျူတာ သင်ကြားပေးနေသူ ဖြစ်ပြီး ကျောင်းသူရှိရာ ခေါင်မိုးပေါ်တက်ပြီး ခုန်မချဖို့ လိုက်လံ ပြောဆို ပြေးဆွဲစဉ် ၂ ဦးစလုံး ပြုတ်ကျသွားတာ ဖြစ်တယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

“ခေါင်မိုးပေါ်ကို အမြဲတက်လို့ မရပါဘူး။ ပွဲရှိတဲ့ရက်တွေမှ တံခါးဖွင့်တာပါ။ ကလေးမလေးက အိမ်မှာ သိပ်အဆင်မပြေဘူး ပြောတယ်။ တိတိကျကျတော့ သိပ်မသိရဘူး။ ဆရာကတော့ ကလေးမလေး ခုန်ချမှာစိုးလို့ အပေါ်ပြေးတက်ပြီး လိုက်ကယ်တာ။ အားလုံးကလည်း ခုန်မချဖို့ ဝိုင်းတားနေရင်း ဖြစ်သွားတာ။ အားလုံး ဝမ်းနည်းနေကြတယ်” လို့ သူကပြောပါတယ်။

သေဆုံးခဲ့တဲ့ ကွန်ပျူတာ ဆရာဟာ လူချစ်လူခင်ပေါများတဲ့ ကျောင်းဆရာ ဖြစ်တယ်လို့ ကျောင်းသား မိဘတစ်ဦးက ပြောပါတယ်။
ခေတ်ရှေ့ဆောင် ကိုယ်ပိုင်အထက်တန်း ကျောင်းပေါ်မှ ပြုတ်ကျခဲ့တဲ့ ဆရာနဲ့ ကျောင်းသူကို ဆေးရုံသို့ တင်ပို့ခဲ့ပေမယ့် မနေ့ ညနေ ၅ နာရီကျော်မှာ ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ ၂ ဦးစလုံး သေဆုံးသွားတာ ဖြစ်တယ်လို့ သူကပြောပါတယ်။crd


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *