မသိတတ္တဲ့မိဘတခ်ိဳ႕ရဲ႕သားသမီးေတြ ဘဝက တကယ္ကိုစိတ္မေကာင္းစရာပါ

မသိတတ္တဲ့မိဘတခ်ိဳ႕ရဲ႕သားသမီးေတြ ဘဝက တကယ္ကိုစိတ္မေကာင္းစရာပါ

မိဘတိုင္း သားသမီးတိုင္းကို မဆိုလိုဘူးေနာ္ေကာင္းတဲ့မိဘ ရွိသလို ဆိုးတဲ့မိဘလဲ ရွိတယ္။ လိမၼာတဲ့ သားသမီး ရွိသလို မလိမၼာတဲ့ သားသမီးလဲ ရွိပါတယ္။မ်ားေသာအားျဖင့္ ေသေျမႀကီး ရွင္ေ႐ႊထီး ဆိုတဲ့စိတ္မ်ိဳးနဲ႔ တိုင္းတစ္ပါးထြက္လာၿပီး အလုပ္လုပ္ေနၾကသူအမ်ားစုက အေသာက္အစား ရွိေနၾကပါေပမယ့္ လစာထြက္ရင္ မိဘေတြကို ဦးဦးဖ်ားဖ်ား ပို႔ၾကတာမ်ားပါတယ္။အေသာက္အစား အေပ်ာ္အပါး ရွိတတ္ၾကေပမယ့္ ဘာသာ သာသနာနဲ႔ လူမ်ိဳးအက်ိဳးကို အစုအဖြဲ႕အလိုက္ ေဆာင္႐ြက္ေနၾကတာမ်ားသလို မိဘေက်းဇူးကိုလဲ သိတတ္ ဆပ္တတ္ၾကတာ မ်ားပါတယ္။တပည့္ေတာ္ေတာ္မ်ားမ်ားထဲမွာ ေတြ႕ရတာက အလုပ္အကိုင္ေကာင္းၿပီး ေငြေၾကး အဆင္မေျပ ေငြ မစုမိၾကတာ မ်ားပါတယ္။

အခ်ိန္တန္လို႔ပဲ ျဖစ္ျဖစ္ အခ်ိန္မတန္ပဲျဖစ္ျဖစ္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျပည္ေတာ္ျပန္ အိမ္ျပန္ၾကတဲ့အခါ ေငြေၾကး စုမိေဆာင္းမိထားသူ သိပ္မရွိပဲ လက္ဗလာနဲ႔ ျပန္ၾကတာမ်ားသလို က်န္ရွိေနခဲ့တဲ့ မိဘေတြကလဲ သားသမီးေတြ ျပန္လာရင္ အဆင္ေျပေျပေနႏိုင္ေအာင္လုပ္ငန္းေလးေတြ အစပ်ိဳးေပးထားဖို႔ ေနေနသာသာ သားသမီးေတြ ႏိုင္ငံျခားမွာ ရွိတယ္ အခ်ိန္တန္ လစာထြက္ရင္ ေငြပို႔လာမယ္ဆိုတဲ့ စိတ္မ်ိဳးနဲ႔ပဲ ေအးေဆးမေနပဲ အေသာက္အစား အေပ်ာ္အပါး ေလာင္းကစားေတြ မ်ားပါတယ္။

တိုင္းတစ္ပါးမွာ ဆင္းဆင္းရဲရဲ လုပ္ကိုင္ေနထိုင္ကာ ေငြရွာေနၾကတဲ့ သားသမီးေတြကပဲ မိဘက်န္းမာေရးကိစၥ မဟုတ္တဲ့ ေလာင္းကစားေႂကြးကိုပဲ အလည္မီေအာင္ ႀကိဳးစား ဆပ္ေပးေနရင္း ဒုံရင္းဒုံရင္း ျဖစ္ေနတတ္ၾကတယ္။ဘာရယ္လို႔ မဟုတ္ပါ ဒီပုံေလးကို ျမင္ၿပီး ဆင္းဆင္းရဲရဲ ေနထိုင္ လုပ္ကိုင္ စားေသာက္ကာ မိဘေက်းဇူးဆပ္ေနၾကတဲ့ လိမၼာတဲ့ တပည့္ေတြကို သတိရသြားလို႔ပါဗ်ာ။crd

မသိတတ်တဲ့မိဘတချို့ရဲ့သားသမီးတွေ ဘဝက တကယ်ကိုစိတ်မကောင်းစရာပါ

မိဘတိုင်း သားသမီးတိုင်းကို မဆိုလိုဘူးနော်ကောင်းတဲ့မိဘ ရှိသလို ဆိုးတဲ့မိဘလဲ ရှိတယ်။ လိမ္မာတဲ့ သားသမီး ရှိသလို မလိမ္မာတဲ့ သားသမီးလဲ ရှိပါတယ်။များသောအားဖြင့် သေမြေကြီး ရှင်ရွှေထီး ဆိုတဲ့စိတ်မျိုးနဲ့ တိုင်းတစ်ပါးထွက်လာပြီး အလုပ်လုပ်နေကြသူအများစုက အသောက်အစား ရှိနေကြပါပေမယ့် လစာထွက်ရင် မိဘတွေကို ဦးဦးဖျားဖျား ပို့ကြတာများပါတယ်။အသောက်အစား အပျော်အပါး ရှိတတ်ကြပေမယ့် ဘာသာ သာသနာနဲ့ လူမျိုးအကျိုးကို အစုအဖွဲ့အလိုက် ဆောင်ရွက်နေကြတာများသလို မိဘကျေးဇူးကိုလဲ သိတတ် ဆပ်တတ်ကြတာ များပါတယ်။တပည့်တော်တော်များများထဲမှာ တွေ့ရတာက အလုပ်အကိုင်ကောင်းပြီး ငွေကြေး အဆင်မပြေ ငွေ မစုမိကြတာ များပါတယ်။

အချိန်တန်လို့ပဲ ဖြစ်ဖြစ် အချိန်မတန်ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ပြည်တော်ပြန် အိမ်ပြန်ကြတဲ့အခါ ငွေကြေး စုမိဆောင်းမိထားသူ သိပ်မရှိပဲ လက်ဗလာနဲ့ ပြန်ကြတာများသလို ကျန်ရှိနေခဲ့တဲ့ မိဘတွေကလဲ သားသမီးတွေ ပြန်လာရင် အဆင်ပြေပြေနေနိုင်အောင်လုပ်ငန်းလေးတွေ အစပျိုးပေးထားဖို့ နေနေသာသာ သားသမီးတွေ နိုင်ငံခြားမှာ ရှိတယ် အချိန်တန် လစာထွက်ရင် ငွေပို့လာမယ်ဆိုတဲ့ စိတ်မျိုးနဲ့ပဲ အေးဆေးမနေပဲ အသောက်အစား အပျော်အပါး လောင်းကစားတွေ များပါတယ်။

တိုင်းတစ်ပါးမှာ ဆင်းဆင်းရဲရဲ လုပ်ကိုင်နေထိုင်ကာ ငွေရှာနေကြတဲ့ သားသမီးတွေကပဲ မိဘကျန်းမာရေးကိစ္စ မဟုတ်တဲ့ လောင်းကစားကြွေးကိုပဲ အလည်မီအောင် ကြိုးစား ဆပ်ပေးနေရင်း ဒုံရင်းဒုံရင်း ဖြစ်နေတတ်ကြတယ်။ဘာရယ်လို့ မဟုတ်ပါ ဒီပုံလေးကို မြင်ပြီး ဆင်းဆင်းရဲရဲ နေထိုင် လုပ်ကိုင် စားသောက်ကာ မိဘကျေးဇူးဆပ်နေကြတဲ့ လိမ္မာတဲ့ တပည့်တွေကို သတိရသွားလို့ပါဗျာ။crd


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *