credit
စာဖတ်သူများလည်း ဒီလိုလေးခွဲခြားသိထားရင် သနပ်ခါးဝယ်တဲ့အခါ အညာမခံရတော့ဘူးပေါ့
မြန်မာမလေးတွေမှန်ရင် မြန်မာ့သနပ်ခါးတော့ ကြိုက်ကြမှာပဲ။သနပ်ခါးနံ့လေးရဲ့ သင်းရနံ့ဟာ လူးတဲ့သူကိုရော မွှေးကြိုင်စေသလို အနားက ဖြတ်သွားတဲ့သူကိုတောင်မှ အနံ့လေးရရင် စိတ်ကြည်လင်စေတယ်။ ဒါပေမယ့် တခါတေလ သနပ်ခါးတုံးဝယ်ပြီးမှ သနပ်ခါးနံ့မရတာ၊ မမွှေးတာ၊ လိမ်းရင် ညက်ညက်လေး မဖြစ်တာတွေ ကြုံရတယ်။ ဘာလို့လဲ။
သနပ်ခါးအတုဖြစ်တဲ့ သစ်ပုလွေတုံးတွေကို ဝယ်မိတာမို့လိုပါ။ သနပ်ခါးကလည်း သူ့တန်ကြေးတဲ့သူ ဈေးကြီးတာပဲမို့ သနပ်ခါးအတု သစ်ပုလွေကို ဝယ်မိရင် ဝယ်လိုက်မိတဲ့ပိုက်ဆံကို နှမျောပြီး စိတ်တိုရပြီပေါ့။ဒီတစ်ခါမှာတော့ သနပ်ခါးနဲ့ သစ်ပုလွေ ခွဲနည်းလေး ပြောပြချင်တယ်။ သစ်ပုလွေဆိုတာ သနပ်ခါးနဲ့ အင်မတန်မှ ချွတ်စွတ်တူတယ်။
ပုံထဲမွာ သနပ်ခါးနဲ့ သစ်ပုလွေ ခွဲခြားနိုင်အောင် ပြထားပါတယ်။ သေချာကြည့်ပါ။ အတွင်းထဲမှာ အရစ်အကွင်းပါသော အတုံးသေးတွေက သစ်ပုလွေပါ။သနပ်ခါးကတော့ အတွင်းသားမှာ အရစ်အကွင်းမပါဘူး။ ဒါမွ သနပ်ခါးစစ်စစ်ပါ၊ စာဖတ်သူများလည်း ဒီလိုလေးခွဲခြား သိထားရင် သနပ်ခါးဝယ်တဲ့အခါ အညာမခံရတော့ဘူးပေါ့။ အတုအစစ်ခွဲခြားနည်းလေး သေချာ မွတ်သား ထားကြပါ။
credit
Posted
in
by
Tags:
Comments
Leave a Reply
Your email address will not be published. Required fields are marked *