မိဘႏွစ္ပါးကို ဝန္ထုပ္ဝန္ပိုးမျဖစ္ေစခ်င္တာေၾကာင့္ စားေသာက္ဆိုင္မွ စားႂကြင္းစားက်န္ေတြကိုသာ စားခဲ့သည့္ ေဆးေက်ာင္းသားေလး
အခ်ိဳ႕ေသာလူငယ္မ်ားသည္ မိဘေက်းဇူးကိုနားလည္ကာ မိဘမ်ားပင္ပန္းခက္ခဲသည့္အေျခအေနကို ျမင္ရသည့္အခါလိုအပ္သည္မ်ားကိုဖြင့္မေျပာရက္ေတာ့ပဲ ကိုယ္တိုင္ရေအာင္သာ ႀကိဳးစားၾကသည္။ယခုတြင္လည္း တ႐ုတ္ႏိုင္ငံကအသက္ ၂၀ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ဦးသည္ စာေတာ္၍ ေဆးေက်ာင္းဒုတိယႏွစ္တက္ေနရေသာ္လည္း
မိဘႏွစ္ပါးက ေငြေၾကးမခ်မ္းသာသည့္အျပင္ အလုပ္အကိုင္ကလည္းမေကာင္းတာေၾကာင့္ အခက္ေတြ႕ေနရသည္။ေကာင္ေလးရဲ႕ ဖခင္ျဖစ္သူမွာ အခ်ိန္ပိုင္းအလုပ္သမားျဖစ္ၿပီး မိခင္ကလည္း သူမ်ားအိမ္ေတြမွာ အိမ္ေဖာ္လုပ္ေနကာအစ္ကိုျဖစ္သူကလည္း အင္ဂ်င္နီယာေက်ာင္းတက္ေန၍ ေက်ာင္းစရိတ္မွာ အကုန္အက်မ်ားေနခဲ့သည္။
ထို႔ေၾကာင့္ ေကာင္ေလးသည္ မိဘႏွစ္ပါးကိုသနားၿပီး ေက်ာင္းတက္ေနခ်ိန္ကာလပတ္လုံးစားေသာက္ဆိုင္တစ္ခုသို႔သြားေရာက္ကာ ေဖာက္သည္ေတြရဲ႕ စားႂကြင္းစားက်န္မ်ားကိုသာ ေတာင္းယူစားေသာက္ခဲ့သည္။crd
မိဘနှစ်ပါးကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်တာကြောင့် စားသောက်ဆိုင်မှ စားကြွင်းစားကျန်တွေကိုသာ စားခဲ့သည့် ဆေးကျောင်းသားလေး
အချို့သောလူငယ်များသည် မိဘကျေးဇူးကိုနားလည်ကာ မိဘများပင်ပန်းခက်ခဲသည့်အခြေအနေကို မြင်ရသည့်အခါလိုအပ်သည်များကိုဖွင့်မပြောရက်တော့ပဲ ကိုယ်တိုင်ရအောင်သာ ကြိုးစားကြသည်။ယခုတွင်လည်း တရုတ်နိုင်ငံကအသက် ၂၀နှစ်အရွယ် ကောင်လေးတစ်ဦးသည် စာတော်၍ ဆေးကျောင်းဒုတိယနှစ်တက်နေရသော်လည်း
မိဘနှစ်ပါးက ငွေကြေးမချမ်းသာသည့်အပြင် အလုပ်အကိုင်ကလည်းမကောင်းတာကြောင့် အခက်တွေ့နေရသည်။ကောင်လေးရဲ့ ဖခင်ဖြစ်သူမှာ အချိန်ပိုင်းအလုပ်သမားဖြစ်ပြီး မိခင်ကလည်း သူများအိမ်တွေမှာ အိမ်ဖော်လုပ်နေကာအစ်ကိုဖြစ်သူကလည်း အင်ဂျင်နီယာကျောင်းတက်နေ၍ ကျောင်းစရိတ်မှာ အကုန်အကျများနေခဲ့သည်။
ထို့ကြောင့် ကောင်လေးသည် မိဘနှစ်ပါးကိုသနားပြီး ကျောင်းတက်နေချိန်ကာလပတ်လုံးစားသောက်ဆိုင်တစ်ခုသို့သွားရောက်ကာ ဖောက်သည်တွေရဲ့ စားကြွင်းစားကျန်များကိုသာ တောင်းယူစားသောက်ခဲ့သည်။crd
Leave a Reply