ဂါဝန်လေးနဲ့ ချစ်ဖို့ကောင်းနေတဲ့ သမီးလေးရဲ့ ပုံလေးတွေကို မျှဝေဖော်ပြလာခဲ့တဲ့ ဘေဘီမောင်
ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆိုတော်သားဂန်းနဲ့အိမ်ထောင်ကျပြီး ချစ်စရာကောင်းလှတဲ့ သမီးလေးတစ်ယောက်ကို မွေးဖွားထားခဲ့ပါသေးတယ်။
သားဂန်းနဲ့ ဘေဘီမောင်တို့ရဲ့ သမီးလေးကိုတော့ ယွန်းဘီလီယံမောင် (ဘီလီယံလေး)လို့ နာမည်ပေးထားပြီး ပရိသတ်တွေရဲ့ အချစ်တော်ကလေးတစ်ယောက်ဖြစ်နေခဲ့ပါသေးတယ်။ ဘီလီယံလေးကတော့ လက်ရှိမှာ လသားအရွယ်သာရှိသေးပေမဲ့ ကြော်ငြာတွေကိုတောင်ရိုက်ကူးနေခဲ့ရတဲ့အထိ ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိနေခဲ့ပါတယ်။
ဘေဘီမောင်ကတော့ ဒီနေ့မှာ သမီးလေးကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် သမီးလေးရဲ့ ချစ်စရာကောင်းလွန်းနေတဲ့ပုံလေးတွေကို မျှဝေဖော်ပြလာခဲ့ပါသေးတယ်။ပရိသတ်ကြီးရေ ဘီလီယံလေးကတော့ ပုံလေးတွေထဲမှာ ဂါဝန်လေးနဲ့ ချစ်ဖို့ကောင်းလွန်းနေတော့တာပါပဲနော်။crd
Leave a Reply