7.2.2023 မှ 12.2.2023 အထိ တစ်ပါတ်စာဟောစာတမ်း
တနင်္ဂနွေသားသမီး
ခရီးဝေးထွက်ရန် စိတ်ကူးဖြစ်ပေါ်မည်။အကြံစည်ကောင်းများစွာ ရှိနေပေမယ့် လူမှု့ရေးကိစ္စတွေကြောင့် လက်တွေ့လုပ်ဆောင်ရန် နှောင့်နှေးနေတက်သည်။ရေခြားမြေခြား ကိစ္စများ လုပ်ဆောင်ရခြင်း၊၄င်းအရပ်ကသူရဲ့ သတင်းစကားကြားရခြင်းကြုံရမည်။တောင်ကုန်းတောင်တန်းနေရာများသို့ သွားရောက်ရတက်သည်။မြေကိစ္စ အမွေကိစ္စ အဆင်ပြေမည်။ကြီးကဲသော သူတစ်ဦး၏ အကြံပေးမူ့ကို လက်ခံကျင့်သုံးပါ။
တစ်ဇွက်ထိုးထင်ရာလုပ်တာထက် ခေါင်းအေးအေးထား၍ စဉ်းစားတွေးခေါ်လုပ်ကိုင်ပါ။အဆင်ပြေပါလာလိမ့်မည်။အလုပ်အင်ဗျူးတစ်ခု ဖြေဆိုရမည်။ထူးဆန်းသော ပုံတော်(သို့) ကမ္ဘာ့မြေပုံကားချပ်တခု အိမ်သို့ရောက်လာပါက ထီကံစမ်းပါ။ပညာရေးမှာ ကောင်းမွန်ပါသည်။အနှောင့်ယှက်ကင်းစွာ ဖြေဆိုနိုင်မည်။ကျန်းမာရေးလည်း သာယာပါသည်။အချစ်ရေးကတော့ လွမ်းဆွေးစရာကြုံရမည်။အိမ်ထောင်ရေးလည်း သာယာမူ့နည်းပါသည်။
ကံကောင်းသောဂဏန်းများမှာ ၁၊၄၊၆ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ အညိုရောင် ဖြစ်ပါသည်။ယတြာ- ဘုန်းဘုန်းတပါးအား သစ်သီး ကပ်လှူ၍ ကံကောင်းခြင်းကို ပိုမိုရရှိနိုင်ပါသည်။
တနင်္လာသားသမီး
စပ်တူလုပ်ငန်းကိစ္စများ အဆင်ပြေအောင်မြင်မည်။အလုပ်ရှာနေသူများ မိတ်ဆွေဟောင်း(သို့)အကြီးအကဲတစ်ဦး၏ အကူညီဖြင့်ရရှိမည်။မထင်မှတ်ပဲ ငွေကြေးများစွာရမည်။အမွေကိစ္စ၊အိုးအိမ်မြေနေရာကိစ္စများ စီမံဆောင်ရွက်ရမည်။ရပ်ဝေးမှ သတင်းကောင်းကြားရမည်။အမျိုးသမီးဧည့်သည် နေအိမ်ကို ရောက်ရှိမည်။မိတ်ဆွေတချို့နဲ့ စီးပွားရေးကိစ္စ ဆွေးနွေးတိုင်ပင်ဖြစ်မည်။ဆောက်လုပ်ရေးလုပ်ငန်း၊အဝတ်အထည်လုပ်ငန်း၊အလှပြင်အလှဆင်လုပ်ငန်းများ၊အကျိုးဆောင်လုပ်ငန်းများ အဆင်ပြေအောင်မြင်မည်။ပညာရေးနဲ့ပက်သက်ပြီး တိုးတက်မူ့ရှိမည်။
ဆရာသမားတို့ရဲ့ အကူညီကောင်းများစွာရရှိမည်။ကျန်းမားရေးကိစ္စတွေမှာတော့ ခြေထောက်တွင် ထိခိုက်ဒဏ်ရာ ရတက်သည်။အအေးမိခြင်း၊ဖျားနာခြင်း ဖြစ်တက်သည်။မေတ္တာရေးမှာအချစ်ဟောင်းများ ပြန်လည်ဆက်သွယ်လာမည်။ရွေးချယ်ရခက် စဉ်းစားရခက်သော ကာလလည်းဖြစ်သည်။အိမ်ထောင်ရေးလည်း သာယာပါသည်။
ကံကောင်းသော ဂဏန်းများမှာ ၉၊ ၃၊ ၆ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ အနီရောင် ဖြစ်ပါသည်။ယတြာ – ခွေးလေးများကို အစာကျွေးခြင်းအားဖြင့်ကံကောင်းခြင်းကိုပိုမိုရယူနိုင်ပါလိမ့်မည်။
အင်္ဂါသားသမီး
အလုပ်မှ သတင်းကောင်းကြားရမည်။အလုပ်ရှာဖွေသူများ မကြာခင်အလုပ်ရလိမ့်မည်။မျှော်လင့်ထားသောကိစ္စ ကြိုးစားထားသောကိစ္စ အောင်မြင်လာမည် တိုးတက်လာမည်။နေအိမ်အနီးတွင် အလှူမဂ်လာ ကိစ္စကြုံရခြင်း၊သွားရောက်ရခြင်း ဖြစ်မည်။အိုးအိမ်ကိစ္စ အဆင်ပြေမည်။အိမ်ဝယ် အိမ်ဆောက်ရခြင်း အိမ်ပြောင်းရွေ့ရခြင်းနဲ့ကြုံရမည်။နေအိမ်ကို ဧည့်သည်တစ်ချို့ရောက်လာလိမ့်မည်။နေအိမ်အနီးမှာလည်း မဂ်လာကိစ္စပြုလုပ်နေတယ်ဆိုရင် ကံကောင်းခြင်းတွေ မကြာခင်ရောက်လာလိမ့်မည်။
ပညာရေးကိစ္စ အရမ်းကောင်းမွန်ပါသည်။စာမေးပွဲအောင်မည်။ပညာရေးနဲ့ပက်သက်သော ဝမ်းသာစရာသတင်းစကားကြားရမည်။ကျန်းမာရေးလည်း ကောင်းမွန်ပါသည်။အချစ်ရေးကိစ္စတွေမှာတော့ အချစ်စစ် အချစ်သစ်နဲ့ ကြည်နူးရမည့်အချိန်ပါ။စန်းကောင်းမည်။အဆင်မပြေဖြစ်နေတဲ့သူတွေအတွက် မကြာခင်ပျော်ရွင်ရပါလိမ့်မည်။အိမ်ထောင်ရေးလည်း သာယာပါသည်။
ကံကောင်းစေသော ဂဏန်းများမှာ ၂၊၄၊၇ ဂဏန်းများဖြစ်ပါသည်။ကံကောင်းသော အရောင်မှာ နီညို ရောင်ဖြစ်သည်။ယတြာ – အသက်ကြီးကဲသူတဦးအား တောင်ဝှေး(သို့)ဖိနပ် လှူပေးပါ ကံကောင်းခြင်းကိုပိုမိုရယူနိုင်ပါလိမ့်မည်။
ဗုဒ္ဓဟူးသားသမီး
လက်တလောတွင် အတွေးများတာ အတွေးလွန်နေတာတွေဖြစ်တက်သည်။အခွင့်လမ်း အခွင့်ရေးများ ရှိနေပေမယ့်လည်း လက်တွေ့ဘာမှမလုပ်ဖြစ်ပဲ ရှိနေလိမ့်မည်။ကိုယ်ကိုတိုင်လည်း စိတ်အလိုမကျတာတွေဖြစ်နေတက်သည်။စိတ်ကူးယဉ်တာ အတွေးလွန်တာတွေ လျော့ပြီး လက်တွေ့လုပ်ဆောင်နိုင်ဖို့ ကြိုးစားပါ။အားတက်စေမယ့် ခွန်အားဖြစ်စေမယ့် စကားများကြားရလိမ့်မည်။မိတ်ဆွေကောင်းတချို့ရဲ့ အကူညီကောင်းများရရှိလိမ့်မည်။အိုးအိမ်ပြုပြင်ရခြင်း ပြောင်းရွေ့ရခြင်းဖြစ်မည်။လက်ဆောင်ပစ္စည်း ရရှိမည်။
၃ဂဏန်းပါသော ငွေကြေးထွက်တက်ပြီး ၁ဂဏန်းပါသော ငွေကြေးပြန်ဝင်လာလိမ့်မည်။ပညာရေးနဲ့ပက်သက်ပြီး စိတ်မပါလက်မပါဖြစ်နေတက်သည်။စိတ်ပင်ပန်းနေရတက်သည်။ကျန်းမာရေးကတော့ စိုးရိမ်ရဖွယ်မရှိပါ။အချစ်ရေးကိစ္စတွေကတော့ တကယ်တည်းအထီးကျန်သလို ခံစားနေရတက်သည်။အခုတလော အေးအေးဆေးဆေးပဲနေချင်နေတက်သည်။တစ်ယောက်တည်း feelနေရတာ သဘောတွေ့နေတက်၏ ။အိမ်ထောင်ရေး ကိစ္စတွေကတော့ အနည်းငယ်ညံ့နေတက်ပါသည်။
ကံကောင်းစေသော ဂဏန်းများမှာ ၁၊၃၊၄ ဂဏန်းများဖြစ်ပါသည်။ကံကောင်းသော အရောင် အနီ၊အစိမ်းနုရောင်ဖြစ်သည်။ယတြာ – နေအိမ်ဘုရားမှာ ကြံရည်၊ကော်ဖီ တခွက်စီ လှူပေးပါ ကံကောင်းခြင်းကိုပိုမိုရယူနိုင်ပါလိမ့်မည်။
ကြာသပတေးသားသမီး
ရည်ရွယ်ချက်များအကောင်ထည်ဖော်နိုင်သောကာလဖြစ်သည်။ မိမိမှာရှိသည့် အခက်ခဲများလည်း မကြာခင်ပြေလည်သွားနိုင်သည်။အလုပ်ကိုင်စီးပွားရေးနဲ့ပတ်သက်သောကိစ္စများတွင် အစစအရာရာကောင်းသောကာလတစ်ခုဖြစ်သည်။
အမျိုးသမီးများထံမှကူညီကောင်းများရရှိပါလိမ့်မည်။အကြီးကဲများရဲ့ မစခြင်းခံရမည်။နေရာအပြောင်းအရွှေ့၊ခရီးထွက်ခြင်းဖြစ်လိမ့်မည်။ဆေးဝါးပစ္စည်း ရမည်။ထီကံစမ်းမဲပေါက်ခြင်း(သို့)ဝမ်းသာစရာကိစ္စတစ်ခုကြုံမည်။မိတ်ဆွေသစ်ရရှိမည်။တနလ်ာသားသမီး တစ်ဦးဦးနဲ့ ပြဿနာဖြစ်တက်သည်။ပညာရေးတွင် ကျန်းမာရေးအနှောက်အယှက်များ ရှိလာနိုင်သည်။
သို့သော် အဆင်ပြေသွားပါလိမ့်မည်။ကျန်းမာရေး စိုရိမ်စရာမရှိပါ။သို့သော် အိမ်သူအိမ်သားတစ်ဦးဦးကျန်းမာရေးညံ့လိမ့်မည်။အချစ်ရေးမှာ စန်းကောင်းမည်။ချစ်သူမရှိသူများ ချစ်သူရလိမ့်မည်။အိမ်ထောင်ရေးလည်း သာယာပါသည်။
ကံကောင်းသောဂဏန်းများမှာ ၃၊၄၊၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ အစိမ်းနု ရောင် ဖြစ်ပါသည်။ယတြာ – ဆန်ဆီဆားဆေး ပန်ကန်လုံး၎လုံးဖြင့် တမျိုးစီထည့်ကာ လင်ဗန်းတချပ်ပေါ်တွင်တင်၍ နေအိမ်ဘုရားမှာ လှူပေးပါ ကံကောင်းခြင်းကို ရယူနိုင်ပါလိမ့်မည်။
သောကြာသားသမီး
ခရီးဝေးတခု ထွက်ရတက်သည်။အလုပ်နဲ့ဆိုင်သော ခရီးများသွားရခြင်း ပညာရေးနဲ့ဆိုင်သော ခရီးများသွားရခြင်း ဖြစ်တက်သည်။အလုပ်နေရာ ပြောင်းရွှေ့ရမည်။နေရာသစ် ပတ်ဝန်းကျင်သစ်မှာ အဆင်ပြေတက်ပါသည်။မိတ်ဆွေတစ်ဦးနဲ့ အငြင်းအခုန်ဖြစ်မည်။မဟုတ်မခံစိတ်ရှိသော သူတွေအတွက် ဒီကာလတွေက ပြောရဆိုရအဆင်မပြေတဲ့ သူတွေနဲ့သာ ဆုံနေရတက်သည်။သတိဖြင့် နေထိုင်လုပ်ကိုင်ပါ တခါတရံမထင်မှတ်ပဲ ခြေ လက်တို့မှာ ထိခိုက်ဒဏ်ရာရတက်ပါသည်။
မြေကိစ္စ မြေလုပ်ငန်းလုပ်ကိုင်သူများ ရက်သတ္တပါတ်အတွင်း အလုပ်ဖြစ်လိမ့်မည်။ ခြေ၄ချောင်း ဒါမှမဟုတ် ရွှေထည်ဝင်လိမ့်မည်။ပညာရေးကိစ္စတွေကတော့ ရပ်နားထားသည်များ ပြန်လည်လုပ်ကိုင်ရပါလိမ့်မည်။ပညာရေးအကြောင်းပြု၍ ခရီးထွက်ခြင်း ပြောင်းရွေ့နေထိုင်ရခြင်း ဖြစ်တက်ပါသည်။ကျန်မာရေးကတော့ အနည်းငယ် ခြေထောက်မှာ ထိခိုက်ဒဏ်ရာရတက်ပါသည်။အချစ်ရေးကတော့ ချစ်သူရဲ့ဂရုစိုက်မူ့ အလေးထားမူ့ခံရမည်။ချစ်သူနဲ့ဆုံရခြင်း သတင်းစကားကြားရခြင်း ဖြစ်တက်ပါသည်။အိမ်ထောင်ရေးလည်း အနည်းငယ်ကောင်းမွန်ပါသည်။
ကံကောင်းစေသော ဂဏန်းများမှာ ၁၊၆၊၇ ဂဏန်းများဖြစ်ပါသည်။ကံကောင်းသော အရောင်မှာ အစိမ်းနုရောင် ဖြစ်သည်။ယတြာ -ယပ်ဖြူ ၄လက် မွေးနံဂြိုလ်တွင် လှူပေးပါ ကံကောင်းခြင်းကို ရယူနိုင်ပါလိမ့်မည်။
စနေသားသမီး
အိုးအိမ် ဆိုင်ခန်း ဝင်မည်။မြေကိစ္စ အိုးအိမ်ကိစ္စ အရောင်းအဝယ်ဖြစ်မည်။လက်တလော ငွေအဝင်အထွက် ကြီးမည်။မိမိလိုချင်လိုအပ်သော ပစ္စည်းတချို့ ရရှိမည်။၅ဂဏန်းပါသော ငွေကြေး ဝင်ရောက်မည်။လုပ်ငန်းစီးပွားရေး ကိစ္စများ အကျိုးဖြစ်ထွန်းလိမ့်မည်။အရောင်းအဝယ်သမားများ ရောင်းအားတက်လာမည်။တောင်ယာလုပ်ငန်းနဲ့ စိုက်ပျိုးရေးမွေးမြူရေးကိစ္စများ ကောင်းမွန်မည်။ နိုင်ငံရပ်ခြားကံကောင်းသည်။ မိသားစုအတွက် ပြန်ထောက်ကူနိုင်လိမ့်မည်။ဇိမ်ခံပစ္စည်း ဝင်ရောက်မည်။အထက်အကြီးအကဲတို့၏ ကူညီမစမူ့ခံရမည်။
ကိုးကွယ်မူ့ဆိုင်ရာ ပစ္စည်းများဝင်ရောက်ပါက ရက်သတ္တပါတ်အတွင်း အထူးလာဘ်လာဘကောင်းလိမ့်မည်။
ပညာရေးကိစ္စတွေကတော့ ရည်ရွည်ထားသည်များ လက်တွေ့ဖြစ်လာနိုင်သည်။ကျန်းမာရေးကတော့ အိပ်မပျော်တာ၊မကောင်းတဲ့အိပ်မက် မြင်မက်တာမျိုး၊ခြေ၌ ထိခိုက်မိတာမျိုး ဖြစ်တက်ပါသည်။အချစ်ရေးကိစ္စတွေကတော့ ချစ်သူစီက လက်ဆောင်တချို့ရပါလိမ့်မည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။
ကံကောင်းစေသော ဂဏန်းများမှာ ၄၊၅၊၇ ဂဏန်းများဖြစ်ပါသည်။ကံကောင်းသော အရောင် ရောနှောထားသောအရောင်ဖြစ်သည်။ယတြာ – ပျားရည်ကို လ္ဘက်ရည်ပန်ကန်လုံး ၅လုံးထည့်၍ လင်ဗန်းပေါ်တင်ကာ လှူပေးပါ ကံကောင်းခြင်းကိုပိုမို ရယူနိုင်ပါမည်။
Leave a Reply