ေၾကာက္ဖို႔ေကာင္းလိုက္တာ မီးပြိဳင့္မိလို႔ရပ္ေနစဥ္ ကားေပၚတက္ၿပီး….

ေၾကာက္ဖို႔ေကာင္းလိုက္တာ မီးပြိဳင့္မိလို႔ရပ္ေနစဥ္ ကားေပၚတက္ၿပီး….

သုဝဏၰတံတား အဆင္းတြင္ မီးပြိဳင့္မိ၍ ရပ္ေနသည့္ အိမ္စီးကား ေမာင္းႏွင္သူအား အမည္မသိ အမ်ိဳးသား (၂) ဦး က ဓားျဖင့္ ထိုးမႈျဖစ္ပြားရန္ကုန္တိုင္း၊ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သုဝဏၰတံတားအဆင္းတြင္ မီးပြိဳင့္မိ၍ ရပ္ေနသည့္ အိမ္စီးကား ေမာင္းႏွင္သူအား
အမည္မသိအမ်ိဳးသား (၂) ဦးက ဓားျဖင့္ထိုးသည့္ ျဖစ္စဥ္ ယေန႔ ေဖေဖာ္ဝါရီ (၄) ရက္ ေန႔လယ္ပိုင္းကျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း မိုးေစတနာပရဟိတအသင္းမွ သိရသည္။

“ကြၽန္ေတာ္တို႔ ေရာက္သြားတဲ့အခ်ိန္ ဓားထိုးခံရတဲ့လူကေတာ့ မရွိေတာ့ဘူး။အဲဒီနားမွာ ေဈးေရာင္းေနတဲ့ ေဈးသည္ေတြ ေျပာတာကေတာ့ ပြိဳင့္မိလို႔ ရပ္ထားတဲ့ အိမ္စီးကားနားကို Hijet ကားတစ္စီးက ကပ္ရပ္ၿပီး အဲ့ကားေပၚက လူႏွစ္ေယာက္ဆင္းလာတယ္။
ၿပီးေတာ့ အိမ္စီးကားေပၚတက္သြားတယ္တဲ့။ အဲ့လူႏွစ္ေယာက္ျပန္ဆင္းလာေတာ့ သူတို႔ခႏၶာကိုယ္မွာ ေသြးေတြေပေနတယ္ေျပာတယ္ ။

ၿပီးေတာ့ ကားေမာင္းေျပးသြားတယ္တဲ့”ဟု မိုးေစတနာပရဟိတအသင္း၏ တာဝန္ရွိသူတစ္ဦးကေျပာသည္။ယေန႔ ေန႔လယ္ (၁၂) နာရီခြဲ ဝန္းက်င္တြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ၿပီး အဆိုပါ ျဖစ္စဥ္မွ ဓါးျဖင့္ အထိုးခံခဲ့ရသည့္ Honda Fit ကားေမာင္းသူအားအခင္းျဖစ္ေနရာအနီး၌ ေဈးေရာင္းေနသည့္ ေဈးသည္မ်ားမွ အဌားယာဥ္ Taxi တစ္စီးျဖင့္ သဃၤန္းကြၽန္းစံျပေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၾကေၾကာင္း သိရသည္။

“လတ္တေလာအေျခအေနအရ ဓားနဲ႔ထိုးခံရတယ္ဆိုတာကိုသိထားတယ္။ ဘာေတြပါသြားတယ္ ဆိုတာေတာ့မသိပါဘူး”ဟု မိုးေစတနာပရဟိတအသင္း၏ တာဝန္ရွိသူတစ္ဦးက ေျပာသည္။ဓားျဖင့္ထိုးခဲ့သည့္ အမ်ိဳးသား (၂) ဦးမွာ အိမ္စီးကား၏ေသာ့အား ႐ိုက္ခ်ိဳးဖ်က္ဆီးသြားခဲ့သျဖင့္ တာဝန္ရွိသူမ်ားမွ ကရိန္းကားျဖင့္ အိမ္စီးကားကို ဆြဲသြားခဲ့ရေၾကာင္း သိရသည္။crd

ကြောက်ဖို့ကောင်းလိုက်တာ မီးပွိုင့်မိလို့ရပ်နေစဉ် ကားပေါ်တက်ပြီး….

သုဝဏ္ဏတံတား အဆင်းတွင် မီးပွိုင့်မိ၍ ရပ်နေသည့် အိမ်စီးကား မောင်းနှင်သူအား အမည်မသိ အမျိုးသား (၂) ဦး က ဓားဖြင့် ထိုးမှုဖြစ်ပွားရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏတံတားအဆင်းတွင် မီးပွိုင့်မိ၍ ရပ်နေသည့် အိမ်စီးကား မောင်းနှင်သူအား
အမည်မသိအမျိုးသား (၂) ဦးက ဓားဖြင့်ထိုးသည့် ဖြစ်စဉ် ယနေ့ ဖေဖော်ဝါရီ (၄) ရက် နေ့လယ်ပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မိုးစေတနာပရဟိတအသင်းမှ သိရသည်။

“ကျွန်တော်တို့ ရောက်သွားတဲ့အချိန် ဓားထိုးခံရတဲ့လူကတော့ မရှိတော့ဘူး။အဲဒီနားမှာ ဈေးရောင်းနေတဲ့ ဈေးသည်တွေ ပြောတာကတော့ ပွိုင့်မိလို့ ရပ်ထားတဲ့ အိမ်စီးကားနားကို Hijet ကားတစ်စီးက ကပ်ရပ်ပြီး အဲ့ကားပေါ်က လူနှစ်ယောက်ဆင်းလာတယ်။
ပြီးတော့ အိမ်စီးကားပေါ်တက်သွားတယ်တဲ့။ အဲ့လူနှစ်ယောက်ပြန်ဆင်းလာတော့ သူတို့ခန္ဓာကိုယ်မှာ သွေးတွေပေနေတယ်ပြောတယ် ။

ပြီးတော့ ကားမောင်းပြေးသွားတယ်တဲ့”ဟု မိုးစေတနာပရဟိတအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။ယနေ့ နေ့လယ် (၁၂) နာရီခွဲ ဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဖြစ်စဉ်မှ ဓါးဖြင့် အထိုးခံခဲ့ရသည့် Honda Fit ကားမောင်းသူအားအခင်းဖြစ်နေရာအနီး၌ ဈေးရောင်းနေသည့် ဈေးသည်များမှ အဌားယာဉ် Taxi တစ်စီးဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“လတ်တလောအခြေအနေအရ ဓားနဲ့ထိုးခံရတယ်ဆိုတာကိုသိထားတယ်။ ဘာတွေပါသွားတယ် ဆိုတာတော့မသိပါဘူး”ဟု မိုးစေတနာပရဟိတအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ဓားဖြင့်ထိုးခဲ့သည့် အမျိုးသား (၂) ဦးမှာ အိမ်စီးကား၏သော့အား ရိုက်ချိုးဖျက်ဆီးသွားခဲ့သဖြင့် တာဝန်ရှိသူများမှ ကရိန်းကားဖြင့် အိမ်စီးကားကို ဆွဲသွားခဲ့ရကြောင်း သိရသည်။crd


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *