Facebook တြင္တင္သမၽွ Post မ်ားကို ဟဟ ေပးသည့္အမ်ိဳးသားတစ္ဦး ဓားျဖင့္ထိုးခံရ
စစ္ကိုင္းၿမိဳ႕ အုတ္စက္ရပ္ကြက္၌ ယမန္ေန႔ ညပိုင္းက လူမႈကြန္ရက္စာမ်က္ႏွာတြင္ တင္သမၽွ Post မ်ားကို ဟဟ လိုက္ေပးေနသည့္ အမ်ိဳးသားတစ္ဦး ဓားျဖင့္ထိုးခံရ၍ ေသဆုံးခဲ့သည္ဟု ၿမိဳ႕ခံေတြဆီက သိရသည္။
စစ္ကိုင္းၿမိဳ႕ ပန္းဘဲတန္းရပ္ကြက္ အုတ္စက္ရပ္၌ ယမန္ေန႔ည ရွစ္နာရီဝန္းက်င္က အမ်ိဳးသားႏွစ္ဦး အရက္အတူေသာက္ၾကရင္း လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ ဟဟ ေပးသည့္ကိစၥျဖင့္ စကားမ်ားရန္ျဖစ္ၾကရာမွ ဓားထိုးမႈ႔ျဖစ္ခဲ့သည္ဟု ရပ္ကြက္ေနသူတစ္ဦးက ေျပာသည္။
“မင္းက ဘာသေဘာနဲ႔ ငါpost တင္တိုင္း ဟဟ ေပးတာလဲဆိုၿပီး ထိုးတဲ့သူက ေျပာတာကို ေသတဲ့သူကျပန္ေျပာတယ္ မင္းတင္တာေတြက ရယ္စရာပါလို႔ ေျပာလိုက္တာ အဲ့ဒီမွာတင္ ေအာင္ကိုဇင္က ေနာက္တစ္ခါ မရယ္နိူင္ေအာင္ လုပ္ေပးမယ္ဆိုၿပီး ဓားနဲ႔ထိုးလိုက္တာ”ဟု ရွင္းျပသည္။
ေသဆုံးသူမွာ ကိုဖိုးသား(ခ)ကိုသန္းေဇာ္ဦး ျဖစ္ၿပီး မိခင္ျဖစ္သူႏွင့္ဇနီးျဖစ္သူကို လုပ္ကိုင္ ေကၽြးေမြးေနသူတစ္ဦး ျဖစ္သည္ဟု ရပ္ကြက္ေနသူေတြဆီက သိရသည္။လက္ရွိအေျခအေနတြင္ ျပစ္မႈက်ဴးလြန္သူဟု စြပ္စြဲခံရ ကိုေအာင္ကိုဇင္အား စစ္ကိုင္းၿမိဳ႕မရဲစခန္းမွ ညပိုင္းတြင္ ဖမ္းဆီးရမိကာပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္ထားသည္ဟု သိရသည္။crd
Facebook တွင်တင်သမျှ Post များကို ဟဟ ပေးသည့်အမျိုးသားတစ်ဦး ဓားဖြင့်ထိုးခံရ
စစ်ကိုင်းမြို့ အုတ်စက်ရပ်ကွက်၌ ယမန်နေ့ ညပိုင်းက လူမှုကွန်ရက်စာမျက်နှာတွင် တင်သမျှ Post များကို ဟဟ လိုက်ပေးနေသည့် အမျိုးသားတစ်ဦး ဓားဖြင့်ထိုးခံရ၍ သေဆုံးခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။
စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်ကွက် အုတ်စက်ရပ်၌ ယမန်နေ့ည ရှစ်နာရီဝန်းကျင်က အမျိုးသားနှစ်ဦး အရက်အတူသောက်ကြရင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဟဟ ပေးသည့်ကိစ္စဖြင့် စကားများရန်ဖြစ်ကြရာမှ ဓားထိုးမှု့ဖြစ်ခဲ့သည်ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
“မင်းက ဘာသဘောနဲ့ ငါpost တင်တိုင်း ဟဟ ပေးတာလဲဆိုပြီး ထိုးတဲ့သူက ပြောတာကို သေတဲ့သူကပြန်ပြောတယ် မင်းတင်တာတွေက ရယ်စရာပါလို့ ပြောလိုက်တာ အဲ့ဒီမှာတင် အောင်ကိုဇင်က နောက်တစ်ခါ မရယ်နိူင်အောင် လုပ်ပေးမယ်ဆိုပြီး ဓားနဲ့ထိုးလိုက်တာ”ဟု ရှင်းပြသည်။
သေဆုံးသူမှာ ကိုဖိုးသား(ခ)ကိုသန်းဇော်ဦး ဖြစ်ပြီး မိခင်ဖြစ်သူနှင့်ဇနီးဖြစ်သူကို လုပ်ကိုင် ကျွေးမွေးနေသူတစ်ဦး ဖြစ်သည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။လက်ရှိအခြေအနေတွင် ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံရ ကိုအောင်ကိုဇင်အား စစ်ကိုင်းမြို့မရဲစခန်းမှ ညပိုင်းတွင် ဖမ်းဆီးရမိကာပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားသည်ဟု သိရသည်။crd
Leave a Reply