၁၉၉၀ နှောင်းပိုင်းမှာ ဆယ် ကျော်သက် တွေရဲ့ Idol ဖြစ်ခဲ့တဲ့ မင်းသမီး စိုးမြတ်နန္ဒာ…
မြန်မာ့ရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ထဲမှာ ပါဝင်တဲ့ စိုးမြတ်န္နာ ဟာဆိုရင်ပရိသတ်တွေချစ်ခင်အားပေးရတဲ့
အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အများကချစ်စနိုးနဲ့ ဒါဒါ လို့ခေါ်ကြတဲ့မင်းသမီး စိုးမြတ်နန္ဒာ ရဲ့ အနုပညာပုံရိပ် တစ်စိတ်တစ်ပိုင်းကို တင်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ်။မင်းသမီး စိုးမြတ်နန္ဒာ ကိုတော့ ၁၉၇၉ ခုနှစ် ဒီဇင်ဘ ၁၅ ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပြီး မိဘများကတော့
ဗိုလ်မှူး စိုးမြင့် နဲ့ ဒေါ်ကြည်ကြည်ခင် ဖြစ်ပါတယ်။ မွေးချင်း ၄ ယောက်အနက် တတိယမြောက်သမီးဖြစ်ပါတယ်။
ညီအစ်မများဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊စိုးမြတ်ကလျာ နဲ့ တူမဖြစ်သူ စန္ဒီမြင့်လွင်၊စိုးပြည့်သဇင် တို့ဟာသူမလိုပဲ ပရိသတ်တွေအားပေးကြတဲ့ အနုပညာရှင်များဖြစ်ကြပါတယ်။ အစ်မဖြစ်သူ စိုးမြတ်သူဇာလျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့အချိန်မှာ ဒါဒါ ဟာ ဗဟန်း အ.ထ.က(၂)မှာတတ်ရောက်နေခဲ့ပြီးမင်းသမီးညီမဖြစ်တာကြောင့် အများရဲ့ဦးစားပေးခြင်းကို ခံရပါတယ်။ ငယ်စဥ်ကတည်းက သူမရဲ့ Idolဟာ အစ်မဖြစ်သူ စိုးမြတ်သူဇာဖြစ်ခဲ့ပြီး အစ်မလိုအမေလို ချစ်ကြောက်ရိုသေခဲ့ရပါတယ်။
အနုပညာလောကထဲ စတင်ခြေချချိန်မှာ သူမနဲ့ ခေတ်ပြိုင်မင်းသမီးတွေကတော့ အိန္ဒြာကျော်ဇင်၊နှင်းဝတ်ရည်သောင်း နဲ့ ရတနာခင် တို့ပဲဖြစ်ပါတယ်။ အနုပညာလောကကို ကျော်ဟိန်း၊နေဆန်းတို့ပါဝင်တဲ့“ကံကောင်းလို့”ဆိုတဲ့ဗီဒီယိုဇာတ်ကားနဲ့ စတင်ဝင်ရောက်လာခဲ့ပြီး အစ်မဖြစ်သူနဲ့အတူသရုပ်ဆောင်ထားတဲ့”ချစ်လိုက်တော့ဝမ်းတူးသရီး”ရုပ်ရှင်ဇာတ်ကားကတော့ သူမရဲ့ပထမဆုံးရုံတင်ဇာတ်ကားကြီးပါ။ ၁၉၉၀နှောင်းပိုင်းမှာ နာမည်ရဗီဒီယိုမင်းသမီးငယ်တစ်လက် ဖြစ်လာခဲ့ပြီး ထွက်သမျှဇာတ်ကားတိုင်း ဟာ သူမနဲ့ရွယ်တူခေတ်ပြိုင်မင်းသား လျှမ်းထက် နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့ပါတယ်။ လျှမ်းထက် နဲ့ ဒါဒါ ဟာ ရုပ်ချင်းဆင်တဲ့အပြင် ချောမောလွန်းတာကြောင့် လိုက်ဖက်ညီတဲ့အတွဲ ဖြစ်ခဲ့ပါတယ်။ ထို့နောက်ပိုင်းမှာခေါင်းဆောင်မင်းသမီး ဖြစ်လာခဲ့ပါတယ်။
၁၉၉၀ နှောင်းပိုင်း ၂၀၀၀ခုနှစ် အစောပိုင်းကာလတွေမှာ ထက်ထက်မိုးဦး နဲ့ ခိုင်သင်းကြည်ပြီးရင် ဒါဒါ ဟာတတိယမြောက် ကြော်ငြာအများဆုံး လက်ခံရိုက်ကူးရတဲ့ မင်းသမီးတစ်လက်ဖြစ်လာခဲ့ပါတယ်။ ၂၀၀၂ခုနှစ်ရွှေအမြုတေဂျာနယ်မှာ မြန်မာပြည်ရဲ့အအောင်မြင်ဆုံး မင်းသမီးငါးဦးစာရင်းမှာ သူမနာမည်ပါဝင်ခဲ့ပါတယ်။
စိုးမြတ်နန္ဒာ ရဲ့ တိုကပ်ကပ်ဆံပင်နဲ့ သူမရဲ့လမ်းလျှောက်ဟန်၊မျက်နှာအမူအရာတွေဟာ မိန်းကလေးပရိသတ်အများစုကြိုက်နှစ်သက်အတုခိုးခဲ့ကြပြီး ခေတ်တခေတ်တောင် ဖြစ်ခဲ့ပါသေးတယ်။ အဲ့ဒီခေတ်မှာ နာမည်ကြီးမင်းသမီးအများစုဟာ ဆံပင်အရှည်ကိုဖားလျားချပြီး လှပကျော့ရှင်းတဲ့ခန္ဓာကိုယ်နဲ့ ဖန်သားပြင်ပေါ်မှာ သရုပ်ဆောင်ခဲ့ကြပြီး အဲ့ထဲကမှခွဲထွက်ကာ အရပ်မြင့်မြင့်သွယ်လျတဲ့ခန္ဓာကိုယ်နဲ့ ဆံပင်ပုံစံအသစ်ထွင်ခဲ့တာပဲ ဖြစ်ပါတယ်။
၂၀၀၂ ခုနှစ်မှာ ရန်အောင်၊လူမင်း၊ထွန်းအိန္ဒြာဗိုလ် တို့ပါဝင်သရုပ်ဆောင်ထားတဲ့”အချစ်ကိုမွေးဖွားခြင်း”ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ အိန္ဒြာကျော်ဇင်နဲ့တွဲရိုက်တဲ့ ဇာတ်ကားအများစုမှာ သူက ဗီလိန်ပုံစံမျိုးပါတာများပေမဲ့ သူ့ကိုပဲ ရွေးကြိုက်တဲ့ပရိသတ်အများအပြားရှိပါတယ်။ ကျန်စစ်မင်း၊လျို့ဝှက်သောနှင်း၊ချစ်ခြင်းငယ်ပြိုင်၊ ပန်းဒဏ္ဏာရီ၊ မျှော်လင့်ခြင်းများစွာ၊ ဆဋ္ဌဂံ စတဲ့ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပြီး အသက်ငယ်ငယ်နဲ့ အကယ်ဒမီများစွာ ပိုင်ဆိုင်ခဲ့ပါတယ်။ ချစ်ခြင်းငယ်ပြိုင်ဇာတ်ကားမှာ ဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့ပေမယ့် ဒုတိယအကြိမ် အမျိုးသမီးဇာတ်ပို့ဆုကို မမျှော်လင့်ပဲရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ မင်းသမီးဖြစ်ပေမယ့် ဇာတ်ကားအချို့မှာ ဇာတ်ပို့အနေနဲ့ အမေခန်း၊အစ်မခန်းများကိုကျေကျေနပ်နပ်လက်ခံရိုက်ကူးပေးလေ့ရှိတာကြောင့် သဘောကောင်းတဲ့သူမဟာ အနုပညာအသိုင်းအဝိုင်းမှာပြောရဆိုရလွယ်တဲ့ မင်းသမီးအဖြစ် လူချစ်လူခင်ပေါများပါတယ်။ ပရိသတ်ကြီးရေ မင်းသမီး စိုးမြတ်နန္ဒာရဲ့ အနုပညာခရီးလမ်း တစ်စိတ်တပိုင်းကို ဖော်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။crd
Leave a Reply